• Follow Us on

Home ဂျာမနီနိုင်ငံက ထိုင်းနိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမည်

ဂျာမနီနိုင်ငံက ထိုင်းနိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

 

ဂျာမနီနိုင်ငံက ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ထားတဲ့အတွက် ထိုင်းနိုင်ငံဟာ ဒေသတွင်း လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း ဗဟိုချက်မဖြစ်လာနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံကို သုံးရက်တာအလည်အပတ်ရောက်ရှိနေတဲ့ ဂျာမနီသမ္မတဖရန့်ဝေါ်တာစတိုင်းမိုင်းယားနဲ့ ဆွေးနွေး ပြောဆိုပြီးနောက် ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဝန်ကြီးချုပ်က အခုလိုပြော ကြားလိုက်တာဖြစ်ပါတယ်။

 

မစ္စတာစတိုင်းမိုင်းယားဟာ ၂၂ နှစ်အတွင်း ပထမဦးဆုံးလာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ဂျာမနီနဲ့ ထိုင်းနှစ်နိုင်ငံ ဟာ ၁၆၂ နှစ်ကြာ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ဂျာမနီနိုင်ငံဟာ ဥရောပဒေသမှာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံကတော့ အာဆီ ယံဒေသမှာ ဂျာမနီရဲ့ တတိယမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးဟာ မဟာဗျူဟာ မြောက်မိတ်ဖက်နိုင်ငံတွေအဖြစ် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်သွားနိုင်ရေး ရည်မှန်းချက်တွေချမှတ်သွားဖို့ သဘောတူခဲ့ကြကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

သဘာဝရင်းမြစ်တွေက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို ၂၀၄၀ ပြည့်နှစ်မတိုင်ခင်မှာ ၅၀% အထိ တိုးမြှင့် ထုတ်လုပ်သွားနိုင်ဖို့အတွက် သဘာဝရင်းမြစ်အခြေခံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကို ဂျာမနီက ကူညီပံ့ပိုးသွားဖို့ အသင့်ရှိနေကြောင်း ဝန်ကြီးချုပ်ဆရက်ထာကပြောပါတယ်။

 

လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍမှာ ထိုင်းနိုင်ငံအနေနဲ့ ဒေသတွင်းဗဟိုချက်မနိုင်ငံဖြစ်လာဖို့ ထိုင်းနိုင်ငံ လျှပ်စစ် ကားထုတ်လုပ်ရေးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဆောင်ရွက်သွားဖို့လည်း ဂျာမနီက အသင့်ဖြစ် နေ ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ဒါ့အပြင် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးအတွက် ကြိုးပမ်းမှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ထိုင်းနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ လယ်ယာလုပ်ငန်းကိုလည်း ဂျာမနီနိုင်ငံက ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

ထိုင်းခရီးစဉ်မှာ မစ္စတာစတိုင်းမိုင်းယားနဲ့အတူ လိုက်ပါလာတဲ့ ဂျာမန်ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့လည်း မစ္စတာ ဆရက်ထာကတွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးအလားအလာနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်တွေအ ကြောင်း ဆွေးနွေးခဲ့ပါတယ်။

 

ထိုင်းနိုင်ငံဟာ လာမယ့်နှစ်မှာ ဥရောပသမဂ္ဂနဲ့ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (free trade agreement-FTA) ရရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။

 

Ref: Berlin to expand EV investment

 

#PeopleMedia


Share this post