• Follow Us on
Latest News

Home ဂျာမန်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားဖို့ ရုရှားနယ်စပ်အနီးမှာ လစ်သူယေးနီးယားက စစ်စခန်းသစ် စတင် ဆောက်လုပ်

ဂျာမန်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားဖို့ ရုရှားနယ်စပ်အနီးမှာ လစ်သူယေးနီးယားက စစ်စခန်းသစ် စတင် ဆောက်လုပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀

 

လစ်သူယေးနီးယားနိုင်ငံဟာ ဂျာမန်တပ်ဖွဲ့ဝင် ၄၀၀၀ အထိ တပ်ဖြန့်ချထားနိုင်မယ့် စစ်စခန်းတစ်ခုကို ရုရှားနယ် စပ်အနီးမှာ သြဂုတ်လ ၁၉ ရက်နေ့က စတင်ဆောက်လုပ်နေပြီဖြစ်ပြီး အဆိုပါစစ်စခန်းဟာ ၂၀၂၇ ခုနှစ် နှစ်ကုန် ပိုင်းလောက်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဂျာမန်တပ်ဖွဲ့ဝင်တွေကို အဲဒီစစ်စခန်းမှာ တပ်ဖြန့်ချထားမှာဖြစ်ပြီး အခုလို တပ်ဖြန့်ချထားမှုဟာ ဂျာမန်စစ်တပ်အ တွက် ဒုတိယကမ္ဘာစစ်ပြီးကတည်းက ပြည်ပနိုင်ငံမှာ ပထမဦးဆုံးအကြိမ် တပ်ဖြန့်ချထားတာဖြစ်ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပြီး ရုရှားနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ လစ် သူယေးနီးယားနိုင်ငံမှာ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ ဂျာမန်အစိုးရက ၂၀၂၃ ခုနှစ်မှာ ကတိပြုခဲ့ပါတယ်။

 

လစ်သူယေးနီးယားဟာ ရုရှားနိုင်ငံနဲ့ ၂၂၇ ကီလိုမီတာ (၁၄၁ မိုင်) နယ်နိမိတ်ထိစပ်လျက်ရှိပါတယ်။

 

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ်က “အခုလိုတပ်ဖြန့်ချထားဖို့ ဆုံးဖြတ်ချက်ကို ဆိုဗီယက် ကျူးကျော်မှုရန်ကနေ အနောက်ဥရောပကို ကာကွယ်ဖို့အတွက် စစ်အေးတိုက်ပွဲကာလအတွင်း မဟာမိတ်တပ်ဖွဲ့ တွေကို အနောက်ဂျာမနီမှာ တပ်ဖြန့်ချထားမှုနဲ့” ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ်။

 

စစ်စခန်းတည်ဆောက်ဖို့အတွက် လာမယ့်သုံးနှစ်အတွင်း လစ်သူယေးနီးယားနိုင်ငံဟာ ယူရိုငွေ ၁ ဘီလျံ (ဒေါ်လာ ၁.၁၀ ဘီလျံ) ကျော် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အခုတည်ဆောက်မှုဟာ လစ်သူယေးနီးယားသမိုင်းမှာ အကြီးမားဆုံး တည်ဆောက်မှုဖြစ်ကြောင်း လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးရိုင်းမန်ဒတ်စ်ဗိတ်စနော ရပ်စ် က ပြောပါတယ်။

 

ဒီရင်းနှီးမြှုပ်နှံမှုဟာ စီးပွားရေးအခြေအနေ ဂျာမနီထက် ဆယ်ပုံတစ်ပုံစာသာရှိပြီး လူဦးရေ ၂.၉ သန်းသာရှိတဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယားအတွက် အင်မတန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ဗိတ် စနောရပ်စ်က ပြောပါတယ်။

 

“ရုရှားတွေကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ပြီး ကာကွယ်ရေးအစီအစဉ်တစ်ရပ်အဖြစ် ကျွန်တော်တို့ပြည်သူ တွေကို လာရောက်ကူညီဖို့အတွက် ဂျာမန်စစ်သည်တွေဖြစ်တဲ့ ဒီတပ်မတစ်ခု လာရောက် တပ်စွဲထားမယ်ဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

လစ်သူယေးနီးယားမြို့တော် ဗဲလ်နီးယစ်မြို့အနီးမှာတည်ရှိပြီး ဘယ်လာရုစ်နိုင်ငံနဲ့ ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့် သာဝေးကွာတဲ့ ရက်ဒ်နင်ကိုင်မြို့လေးမှာ အခြေချတည်ဆောက်မယ့် အဲဒီစစ်စခန်းမှာ စက်ပစ်ကွင်းအမျိုးမျိုး၊ တင့်ကား ထိန်းသိမ်းသိုလှောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအဆောက်အဦတွေနဲ့အတူ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ အထိ တပ်ဖြန့်ချသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် နောက်ထပ် ဂျာမန်တပ်ဖွဲ့ဝင်နဲ့ အရပ်သားဆောက်လုပ်ရေးကန်ထရိုက်တာ ၁၀၀၀ ဝန်းကျင်ဟာလည်း လစ်သူယေးနီးယားနိုင်ငံ တခြားဒေသတွေမှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

လစ်သူယေးနီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၃% ကို ကာကွယ်ရေးအသုံးစ ရိတ်ဖြစ် အခုနှစ်ကစတင်မြှင့်တင်သုံးစွဲခဲ့တာဖြစ်ပါတယ်။

 

Ref: Lithuania starts construction of military base for German troops near Russian border

 

#PeopleMedia


Share this post