• Follow Us on

Home ဂျာမန်တပ်မတော်ဟာ အိုမင်းရင့်ရော်ပြီး အင်အားနည်းပါးနေပြီဖြစ်ကြောင်း လွှတ်တော်အစီရင်ခံစာမှာဖော်ပြ

ဂျာမန်တပ်မတော်ဟာ အိုမင်းရင့်ရော်ပြီး အင်အားနည်းပါးနေပြီဖြစ်ကြောင်း လွှတ်တော်အစီရင်ခံစာမှာဖော်ပြ

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

နှစ်ပေါင်းများစွာ မဖြေရှင်းဘဲထားခဲ့တဲ့ ပြဿနာပေါင်းအမြောက်အမြားကြောင့် ဂျာမန်တပ်မတော်ဟာ အိုမင်း ရင့်ရော်ပြီး စစ်သည်အင်အား နည်းပါးလာနေပြီဖြစ်ကြောင်း ဂျာမန်လွှတ်တော်အစီရင်ခံစာတစ်စောင်က သတိ ပေးလိုက်ပါတယ်။

 

ကာကွယ်ရေးအသုံးစရိတ်တွေ သိသိသာသာ တိုးမြှင့်သုံးစွဲခဲ့ပေမဲ့လည်း ခေတ်သစ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင် ဖို့အတွက် ဂျာမန်တပ်မတော်မှာ လုံလောက်တဲ့စွမ်းရည် ကင်းမဲ့နေဆဲပဲဖြစ်ကြောင်း လက်နက်ကိုင်တပ်ဖွဲ့ဆိုင်ရာ လွှတ်တော်ကော်မရှင်နာအီဗာဟိုဂဲလ်က အစီရင်ခံစာမှာ ရေးသားထားပါတယ်။

 

“ကျွန်မအနေနဲ့ စိတ်မကောင်းစွာနဲ့ပြောရမှာကတော့ ဂျာမန်တပ်မတော်မှာ ဘာမှကို မရှိသလောက်ပဲလို့ ဆိုချင် ပါတယ်။ ခဲယမ်းတွေ၊ အပိုပစ္စည်းတွေ၊ ရေဒီယိုဆက်သွယ်ရေးစက်တွေ ဘာဆို ဘာမှကို မရှိသလောက်ပါပဲ။” လို့ အီဗာဟိုဂဲလ်က သတင်းထောက်တွေကို ပြောပါတယ်။

 

တပ်မတော်တစ်ရပ်အနေနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်နေဖို့အတွက် လိုအပ်တဲ့စစ်သည်အင်အား၊ တင့်ကား၊ စစ်သ င်္ဘောနဲ့ လေယာဉ်တွေလည်း လုံလောက်မှုမရှိဘူးလို့ ၎င်းက ပြောပါတယ်။

 

ဂျာမန်တပ်မတော်ဟာ ချွတ်ခြုံကျနေပြီး ဘာမှမရှိသလောက်ဖြစ်နေကြောင်း၊ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း စစ်ပွဲ စဖြစ်ကတည်းက အခြေအနေပိုဆိုးလာကြောင်းပြောဆိုရင်း ဂျာမန်တပ်မတော်အဆင့်မြှင့်တင်မှု နှေးကွေးနေ တာကိုလည်း အီဗာဟိုဂဲလ်က ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါသေးတယ်။

 

ယူကရိန်းကို ပေးပို့လိုက်တဲ့ လက်နက်ခဲယမ်းတွေနေရာမှာ စစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ဖြည့်တင်းအစားထိုး ဖို့ကိုလည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။

 

ဂျာမန်အစိုးရဟာ ယူကရိန်းကိုကူညီနေတဲ့အုပ်စုမှာ အမေရိကန်ပြီးရင် ဒုတိယလိုက်နေတဲ့ ဗြိတိန်ကို ကျော်လွန် ပြီး ယူရိုငွေ ၁၇ ဘီလျံ (ဒေါ်လာ ၁၈.၅ ဘီလျံ) ကျော် ကူညီဖို့ ကတိပြုခဲ့ပါတယ်။

 

စစ်လက်နက်ပစ္စည်းတွေ မလုံလောက်တဲ့ကြားထဲက လွှတ်တော်အမတ်တွေက ကာကွယ်ရေးဘတ်ဂျက် ယူရို ငွေ ၄၈ ဘီလျံ (ဒေါ်လာ ၅၂ ဘီလျံ) ခွင့်ပြုခဲ့တာဟာ အဓိကတိုးတက်မှုဖြစ်ကြောင်း အီဗာဟိုဂဲလ်က ပြောပါ တယ်။

 

ဂျာမန်တပ်မတော်ဟာ စစ်သည်အင်အား အများအပြားလိုအပ်နေကြောင်း၊ တချို့တပ်ဖွဲ့တွေမှာဆိုရင် လစ်လပ် နေရာတွေ အများအပြာရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

၂၀၂၃ ခုနှစ် ဂျာမန်တပ်မတော်ရဲ့အင်အားဟာ ၁၈၁,၅၁၄ ဖြစ်ရာ ရှေ့နှစ်ထက် အင်အား ၁,၅၀၀ လျော့သွား တယ်လို့ ဆိုပါတယ်။

 

တပ်မတော်ထဲကို ဝင်ရောက်လျှောက်ထားသူနည်းပါးလွန်းတာရော သင်တန်းတက်နေစဉ် ပြန်ထွက်သွားတဲ့ အ ရေအတွက် မြင့်တက်လာတဲ့အတွက်ရော ဂျာမန်တပ်မတော်မှာ လစ်လပ်နေရာ ၂၀,၀၀၀ ကျော် ရှိတယ်လို့ဆို ပါတယ်။

 

“စစ်သည်အင်အား လျော့ပါးလာတဲ့အကြောင်းပြောဖို့ဆိုရင်တော့ ကျွန်မမှာ ပြောစရာ သတင်းကောင်းမရှိပါဘူး။ ဂျာမန်တပ်မတော်ဟာ အိုမင်းရင့်ရော်နေပြီး အင်အားနည်းပါးနေပါပြီ။” လို့ အီဗာဟိုဂဲလ်က ပြောပါတယ်။

 

Ref: German Military is ‘Aging and Shrinking:’ Parliament Report

 

#PeopleMedia


Share this post