ဂျာမန်သမ္မတ ထိုင်းနိုင်ငံ မာစီးဒီးဘန့်ဇ်စက်ရုံကို သွားရောက်လည်ပတ်
PUBLISHED - January 27, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇
ထိုင်းနိုင်ငံမှာ ကားအစီးရေ ၂၀၀,၀၀၀ ထုတ်လုပ်ခဲ့တဲ့ သမိုင်းမှတ်တိုင်အခမ်းအနားကို တက်ရောက်ဖို့အတွက် ဂျာမန်သမ္မတဖရန့်ဝေါ်တာစတိုင်းမိုင်းယားဟာ ဆမွတ်ပရာကန်ပြည်နယ်ရှိ မာစီးဒီးဘန့်ဇ်စက်ရုံကို ကြာသပ တေးနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) က သွားရောက်လည်ပတ်ခဲ့ပါတယ်။
သမ္မတစတိုင်းမိုင်းယားကို ထိုင်းနိုင်ငံအခြေစိုက် မာစီးဒီးဘန့်ဇ်စက်ရုံက အမှုဆောင်အရာရှိများ၊ အစိုးရအဖွဲ့ဝင် များနဲ့ ဖက်စပ်လုပ်ငန်းရှင်များက နွေးထွေးပျူငှာစွာကြိုဆိုခဲ့ကြပါတယ်။
အခမ်းအနားမှာ ထိုင်းနိုင်ငံ မာစီးဒီးဘန့်ဇ်ကုမ္ပဏီရဲ့ အစီးရေ ၂၀၀၀၀၀ မြောက်ကားအဖြစ် မာစီးဒီးဘန့်ဇ်အီးကျူ အက်စ် (Mercedes-Benz EQS) လျှပ်စစ်ကားတစ်စီးကို ထုတ်ဖော်ပြသခဲ့ပြီး အဲဒီလျှပ်စစ်ကားဟာ ထိုင်းနိုင်ငံ တွင်း မာစီးဒီးဘန့်ဇ် ကုမ္ပဏီရဲ့ ပထမဦးဆုံးထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ကားဖြစ်ပါတယ်။
ဂျာမန်သမ္မတနဲ့ သမ္မတကတော်ဟာ ထိုင်းအစိုးရရဲ့ဧည့်သည်တော်အဖြစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ရေး၊ လျှပ်စစ်ကားထုတ်လုပ်ရေး၊ စက် ဝိုင်းစီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေး၊ ရထားလမ်းဖောက် လုပ်ရေးနဲ့ သက်မွေးဝမ်းကျောင်းသင်တန်းတွေ တိုးမြှင့်ဆောင်ရွက်ရေး နည်းလမ်းတွေကိုလည်း ဂျာမန်သမ္မတ စတိုင်းမိုင်းယားနဲ့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်တို့ အစောပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ ဥရောပကားကုမ္ပဏီတွေကြားက တစ်ခုဖြစ်တဲ့ မာစီးဒီးဘန့်ဇ်ကုမ္ပဏီ ဟာ ၄၆ နှစ်အတွင်း ကားမိုဒယ်လ် ၁၃ မျိုးကို ထုတ်လုပ်တပ်ဆင်ခဲ့ရာမှာ မူအန်ဆမွတ်ပရာကန်ခရိုင်ရှိ တွန် ဘူရီကားတပ်ဆင်ရေးစက်ရုံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် Global Electric Mobility Readiness ညွှန်းကိန်းအရ လျှပ်စစ်ကားထုတ်လုပ်မှုအသင့်ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ နော်ဝေနိုင်ငံဟာ အဆင့်တစ်နဲ့ ထိပ်ဆုံးနေရာမှာရှိပြီး နော်ဝေနောက်က တရုတ်၊ ဂျာမနီ၊ စင်္ကၤာပူနဲ့ ဗြိတိန်နိုင်ငံတို့က အစဉ်လိုက်နေရာယူထားသလို ထိုင်းနိုင်ငံဟာ အဆင့် ၁၆ မှာရှိပါတယ်။
ဒေသတွင်း လျှပ်စစ်ကားထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် စုစုပေါင်း ကားထုတ်လုပ်မှုရဲ့ ၃၀% ကို လျှပ်စစ်ကားတွေထုတ်လုပ်သွားနိုင်ဖို့အတွက် “30@30” မူဝါဒကို ချမှတ်ထား တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံလျှပ်စစ်ကားထုတ်လုပ်ရေးတိုးတက်မှုဟာ လက်ရှိအချိန်မှာ အဆင့် ၂ (၂၀၂၃-၂၀၂၅) ကိုရောက်နေ ပြီလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ လျှပ်စစ်ကားနဲ့ ဆက်စပ်ပစ္စည်းတွေထဲမှာ ဘက်ထရီအပါအဝင် လျှပ်စစ်ဇိမ်ခံကားနဲ့ လျှပ်စစ် ပစ်ကပ်ကား အစီးရေ ၂၂၅၀၀၀ စီး၊ လျှပ်စစ်မော်တော်ဆိုင်ကယ်အစီးရေ ၃၆၀၀၀၀၊ လျှပ်စစ်ဘတ်စ် ကားနဲ့ လျှပ်စစ်ထရပ်ကားအစီးရေ ၁၈၀၀၀ ထုတ်လုပ်သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
Ref: German president visits Mercedes-Benz factory
#PeopleMedia