• Follow Us on
Latest News

Home ဂျာမန်/နော်ဝေ ပုံစံတူရေငုပ်သင်္ဘောတွေ ပူးတွဲထုတ်လုပ်နေ

ဂျာမန်/နော်ဝေ ပုံစံတူရေငုပ်သင်္ဘောတွေ ပူးတွဲထုတ်လုပ်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

ဂျာမနီနဲ့ နော်ဝေနိုင်ငံတို့ ပူးပေါင်းပြီး နှစ်နိုင်ငံရေတပ်ကာကွယ်ရေးမြှင့်တင်ဖို့နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ဖို့အတွက် ပုံစံတူရေငုပ်သင်္ဘောတွေကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

 

212CD လို့ အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောဟာ ဂျာမန်ရေတပ်နဲ့ အီတလီရေတပ်တို့မှာ တာဝန်ထမ်းဆောင် နေတဲ့ Type 212A ကို အခြေခံပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ယူရိုငွေ ၅.၅ ဘီလျံ (ဒေါ်လာ ၅.၉ ဘီလျံ) တန်ကြေးရှိ စာချုပ်ရဲ့အစိတ် အပိုင်းတစ်ရပ်အဖြစ် 212CD ရေငုပ်သင်္ဘော ခြောက်စီးကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

တည်ဆောက်နေဆဲ ခေတ်မီရေငုပ်သင်္ဘောတွေကို ၂၀၂၉ ခုနှစ်မှာ စတင်ပြီး နော်ဝေနိုင်ငံကို ၄ စီးလွှဲပြောင်းပေး သွားမှာဖြစ်သလို ဂျာမနီနိုင်ငံကို ၂ စီး လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ ဒီပူးတွဲထုတ်လုပ်ရေးအစီအစဉ်အရ ဂျာမနီနဲ့ နော်ဝေနိုင်ငံတို့ဟာ ပုံစံတူရေငုပ်သင်္ဘောတွေကို အတူတကွတည် ဆောက်အသုံးပြုတဲ့ ပထမဦးဆုံး နိုင်ငံတွေဖြစ်လာမှာဖြစ်ပါတယ်။

 

အနာဂတ်ကာလမှာ အဲဒီရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းမှုနဲ့ အဆင့်မြှင့်တင်မှု အဆင်ပြေချောမွေ့စေဖို့အ တွက် ကန်ထရိုက်တာနှစ်ဖွဲ့က ပူးတွဲတစ်သက်တာစီမံခန့်ခွဲမှုရုံးတစ်ခုကို တည်ထောင်ဖို့ ရည်ရွယ်ထားပါတယ်။

 

အခုတည်ဆောက်နေတဲ့ ရေငုပ်သင်္ဘောအသစ်ဟာ ၎င်းရဲ့ရှေ့က ရေငုပ်သင်္ဘောထက် အရွယ်အစားပိုမိုကြီးမား ပါတယ်။ ရေငုပ်သင်္ဘောဟောင်းက ၅၆ မီတာ (၁၈၄ ပေ) ရှည်လျားပေမဲ့ သင်္ဘောအသစ်ဟာ ၇၃ မီတာ (၂၄၀ ပေ) ရှည်လျားပါတယ်။

 

ရေငုပ်သင်္ဘောသစ်မှာ အဆင့်မြင့်အာရုံခံကိရိယာတွေ ပါရှိသလို စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးက လည်း ပိုမိုများပြားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် လျှို့ဝှက်စစ်ဆင်ရေးတွေမှာ အထောက်အကူဖြစ်အောင်လို့ ဆူညံသံကိုလည်း လျှော့ချထားတယ်လို့ ဆိုပါတယ်။

 

“ဒီရေငုပ်သင်္ဘောတွေမှာ ကျွန်တော်တို့လက်တွေ့စမ်းသပ်ထားပြီးဖြစ်တဲ့ နည်းပညာသစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေကို ပေါင်းစပ်တပ်ဆင်ထားပါတယ်။ အဲဒီနည်းပညာတွေက အနာဂတ်အတွက် ပြင်ဆင်ပေးထားတာဖြစ်ပါ တယ်။ အထူးသဖြင့် အာရုံခံကိရိယာနည်းပညာတွေမှာ အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။” လို့ စီမံကိန်းမန် နေဂျာ ဂျော့ယားရစ်က ပြောပါတယ်။

 

Ref: Germany, Norway Begin Construction of Identical Submarines

 

#PeopleMedia


Share this post