• Follow Us on

Home ဂျိုးဘိုင်ဒန် အမေရိကန်လူထုကို မိန့်ခွန်းပြော

ဂျိုးဘိုင်ဒန် အမေရိကန်လူထုကို မိန့်ခွန်းပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၀

 

အမေရိကန်အစိုးရက အစ္စရေးနဲ့ ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ ဘတ်ဂျက်အသစ်တွေရရှိရေးကြိုးပမ်းနေ တဲ့အချိန်မှာ ကြာသပတေးနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သမ္မတရုံးခန်းကနေ နိုင်ငံတစ်ဝန်းကို မိန့်ခွန်း ပြောကြားလိုက်ပါတယ်။

 

အစ္စရေးနဲ့ ပါလက်စတိုင်းကြားထဲမှာ နှစ်နိုင်ငံထူထောင်ရေးဖြေရှင်းနည်းကို ထောက်ခံသွားမှာဖြစ်ကြောင်း ကြာ သပတေးညက ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ဂျိုးဘိုင်ဒန်က ထပ်လောင်းပြောကြားပါတယ်။

 

“အခြေအနေတွေက ခက်ခဲပေမဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အရှုံးပေးသွားမှာမဟုတ်ပါဘူး။ နှစ်နိုင်ငံ ထူထောင်ရေးဖြေရှင်းနည်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လက်လျှော့နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

“အစ္စရေးရော ပါလက်စတိုင်းပါ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့ ထိုက်တန်တဲ့ သူတွေပါ။” လို့ ၎င်းက ပြောပါတယ်။

 

ပဋိပက္ခအပြီးမှာ တင်းမာမှုတွေကို မြင့်တက်စေခဲ့တဲ့ အစ္စလာမ်မုန်းတီးရေးကိုရော ဂျူးလူမျိုးမုန်းတီးရေးကိုပါ ဖြစ် ပေါ်စေခဲ့တဲ့ အမေရိကန်နိုင်ငံထဲက အစွန်းရောက်မုန်းတီးရေးသမားတွေကိုလည်း ဘိုင်ဒန်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ဟားမတ်စ်တိုက်ခိုက်မှုအပြီး အစ္စရေးကိုအားပေးထောက်ခံကြောင်း ပြသဖို့နဲ့ ဂါဇာဒေသထဲကို လူသားချင်းစာ နာထောက်ထားမှုအကူအညီတွေဝင်ရောက်နိုင်ဖို့ လမ်းကြောင်းတွေဖွင့်လှစ်ရေးအတွက် အီဂျစ်နဲ့ ဆွေးနွေးဖို့ အစ္စရေးတက်သုတ်ရိုက်ခရီးစဉ်အပြီး ညတွင်းချင်းပဲ ဘိုင်ဒန်ဟာ အမေရိကန်ကို ပြန်သွားခဲ့ပါတယ်။

 

ဘိုင်ဒန်ရဲ့ခရီးစဉ်ကို အင်္ဂါနေ့က ဂါဇာမြို့ဆေးရုံကြီး တိုက်ခိုက်ခံရမှုက လွှမ်းမိုးနေပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းတစ်ခွင် ဆန္ဒပြမှုတွေ ပိုမိုတိုးပွားလာခဲ့ပါတယ်။

 

ပါလက်စတိုင်းလူမျိုး ၄၇၁ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ အဲဒီတိုက်ခိုက်မှုကြီးဟာ ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ် အုပ်စုကပစ်လိုက်တဲ့ဒုံးကျည် လမ်းချော်ပြီးထိမှန်ခဲ့တာဖြစ်နိုင်ကြောင်း အမေရိကန်အရာရှိတွေနဲ့ အနောက်တိုင်း စစ်ရေးကျွမ်းကျင်သူတွေက NBC သတင်းဌာနကိုပြောပါတယ်။

 

အစ္စရေးတပ်တွေအနေနဲ့ မကြာခင်ချိန်အတွင်းမှာ ဂါဇာမြို့ကို အတွင်းပိုင်းထဲကနေကြည့်မှာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်က ၎င်းရဲ့တပ်ဖွဲ့ဝင်တွေကို ကြာသပတေးနေ့က ပြောပါတယ်။

 

အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လုံးဝခွင့်လွှတ်မှာမဟုတ်ဘဲ ဟားမတ်စ်အဖွဲ့ကို အပြီးတိုင်ချေမှုန်း သုတ်သင်သွားမှာဖြစ်ကြောင်း ဂါးလန့်က ပြောပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၃၇၀၀ သေဆုံးသွားပြီဖြစ်ပြီး ၁၃၀၀၀ ဒဏ်ရာရထားသလို အစ္စရေးဘက်မှာလည်း အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးခဲ့ပြီး ၃၅၀၀ ဒဏ်ရာရရှိခဲ့ပါ တယ်။

 

Ref: Biden addresses the nation on Israel; CNN/ NBC

 

#PeopleMedia


Share this post