ဂျီဟတ်ဝါဒီထိပ်တန်းခေါင်းဆောင်အပါအဝင် အိုင်အက်စ်ခေါင်းဆောင် ၉ ဦးကို အီရတ်တပ်ဖွဲ့ဝင်တွေ ရှင်းလင်း သုတ်သင်ခဲ့
PUBLISHED - October 23, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
အီရတ်နိုင်ငံထဲက ဂျီဟတ်ဝါဒီထိပ်တန်းခေါင်းဆောင်အပါအဝင် အိုင်အက်စ်အကြမ်းဖက်အုပ်စု ခေါင်းဆောင် ၉ ဦးကို အီရတ်တပ်ဖွဲ့ဝင်တွေက သုတ်သင်ရှင်းလင်းခဲ့ကြောင်း အီရန်အစိုးရက အင်္ဂါနေ့ (အောက်တိုဘာ ၂၂ ရက် နေ့) က ကြေညာလိုက်ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမား ၉ ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး အဲဒီအကြမ်းဖက်သမားတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အိုင်အက်စ်အီရတ်အစိုးရခေါင်းဆောင်လို့ နာမည်ပေးထား တဲ့ ဂျက်စ်ဆမ် အယ်လ်မာဇရူ အဘူအက်ဒဲလ်ကာဒါလည်း ပါဝင်တယ်လို့ အီရတ်နိုင်ငံရှိ ပူးတွဲစစ်ဆင်ရေးဌာန ချုပ်က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ဂျီဟတ်ဝါဒီဆန့်ကျင်ရေးညွန့်ပေါင်းအဖွဲ့က ထောက်ပံ့တဲ့ နည်းပညာနဲ့ စစ်ရေးသတင်း တွေပေါ်မူတည်ပြီး နိုင်ငံမြောက်ပိုင်း ဟမ်ရင်းတောင်တန်းတွေပေါ်မှာ အဲဒီစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ် ပြီး စစ်ဆင်ရေးအတွင်း လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ်နဲ့ အီရတ်တပ်ဖွဲ့ဝင်တွေဟာ အီရတ်နိုင်ငံက အိုင်အက်စ်ခေါင်းဆောင်တွေရှိတဲ့နေရာ ကို ညပိုင်းမှာ ပူးပေါင်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် မှူးချုပ် ပတ်ရွိုင်ဒါက ပြောပါတယ်။
“စီးနင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်ခေါင်းဆောင်တွေ အများအပြား သေဆုံးခဲ့ပါတယ်။” လို့ ၎င်းက သတင်း ထောက်တွေကို ပြောပါတယ်။
“အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရထားတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ နှစ်ဦးစလုံး ဒဏ်ရာအခြေ အနေ စိုးရိမ်စရာမရှိကြောင်းနဲ့ ဆေးဝါးကုသမှု ခံယူနေကြောင်းလည်း သိရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အိုက်အက်စ်အကြမ်းဖက်အုပ်စုဟာ ၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံက နယ်မြေအများအပြားကို သိမ်းယူခဲ့ပြီး “အစ္စလာမ်မစ်နယ်မြေ” အဖြစ် ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ ဒေသတွင်းတပ်ဖွဲ့တွေရဲ့ တိုက် ခိုက်မှုကြောင့် အီရတ်နိုင်ငံမှာ အိုင်အက်စ်တွေ အများအပြားကို တိုက်ထုတ်နိုင်ခဲ့သလို ၂၀၁၉ ခုနှစ်မှာလည်း ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်တွေကို အမေရိကန်ထောက်ပံ့ထားတဲ့ ကာဒစ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ အီရတ်နိုင်ငံထဲမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ အကြွင်းအကျန်တွေ ဆက်လက်တည်ရှိနေဆဲဖြစ်သလို တိုက်ပွဲတွေလည်း ကြိုကြားကြိုကြား ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
သြဂုတ်လအကုန်မှာ အီရတ်နိုင်ငံအနောက်ပိုင်း သဲကန္တာရမှာ အိုင်အက်စ် ၁၅ ဦးကို အမေရိကန်နဲ့ အီရတ်ပူးတွဲ တပ်ဖွဲ့ဝင်တွေက ရှင်းလင်းသုတ်သင်ခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ဝင် ၁၅၀၀ နဲ့ ၃၀၀၀ ကြား ရှိနေဆဲဖြစ်ကြောင်း ဇူလိုင်လအတွင်းက ကုလသမဂ္ဂအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အီရတ်နိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ဝန်းကျင်နဲ့ ဆီးရီးယားနိုင်ငံမှာ အင်အား ၉၀၀ ဝန်းကျင် တပ်ဖြန့်ချထားပြီး ကာလရှည်စစ်ဆင်ရေးတာဝန်ထမ်းဆောင်မှုကို တစ်နှစ်အတွင်း ပြန်လည်ရုပ် သိမ်းတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက အမေရိကန်အစိုးရနဲ့ အီရတ်အစိုးရက ကြေညာခဲ့ပါတယ်။
Ref: Iraq Says Killed 9 Islamic State Commanders, Including Top Figure
#PeopleMedia