• Follow Us on

Home ဂျောင်းဝိုင်းလွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

ဂျောင်းဝိုင်းလွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉

 

ဂျောင်းဝိုင်းလွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်း ဆောင်ရွက်၍ အကျိုးရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း လုပ်ငန်းပြန်လည်ဆောင်ရွက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလွန်းကျင်းသည် လုပ်ငန်းဆောင်ရွက်မှုမရှိသည်မှာ ကြာမြင့်ပြီဖြစ်ပြီး လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့် သွင်းခြင်းဆောင်ရွက်၍ အကျိုးရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေယာဉ်တည်ဆောက်ရေးနှင့် ပြင်ဆင်ရေး လုပ်ငန်းများပြုလုပ်နိုင်ရန် လိုအပ်သည်များ ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဝန်ထမ်း များ၏ အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရေး နေအိမ်လိုင်းခန်းများနှင့် အခြားအဆောက်အဦများ ထည့် သွင်းနိုင်ရေးအတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျောင်ဝိုင်း လွေန်းကျင်းအတွင်းရှိ လွန်းဆွဲရုံ၊ ရေလုံလွန်းကျင်းနှင့် လွန်းလမ်းများ၊ လွန်းကျင်းအဝင်နှင့် ဆိပ်ခံတံတားအနီး တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လွန်းကျင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်း ကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစီးရေ ၄၉ စီးကို လွန်း တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post