ဂွမြို့နယ်၊ ရွာမရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း မီးရှို့ဖျက်ဆီးခံရ

PUBLISHED - December 13, 2021
ရခိုင်၊ ဒီဇင်ဘာ ၁၃ (People Media)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ မူလတန်းလွန်ကျောင်းတစ်ကျောင်းသည် ယနေ့ နံနက် ၃ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နံနက်ပိုင်းက မင်္ဂလာလမ်းရှိ မူလတန်းလွန်ကျောင်းအတက် လှေကားအောက်မှာရှိတဲ့ ကြမ်းခင်းထားတဲ့ သစ်သားတွေ မီးလောင်နေတာကို ရပ်ကွက်ပြည်သူတွေက သိရှိတဲ့ရတဲ့အတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဒီလို အကြောင်းကြားခဲ့တဲ့အတွက် မီးသတ်ယာဉ် (၂)စီး ရောက်ရှိလာပြီး၊ ရပ်ကွက်နေပြည်သူတွေနဲ့အတူ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့တဲ့အတွက် မီးလောင်မှု ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို မီးလောင်ခဲ့တဲ့အတွက် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလတန်းလွန်ကျောင်း အပေါ်ထပ်ကို တက်တဲ့ လှေကားသစ်သားခုံနဲ့ စာရွက်စာတမ်းအချို့မီးလောင် ပျက်စီးခဲ့ရပြီး၊ မီးလောင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PeopleMedia #ဂွမြို့ #ပညာရေး
(unicode)
…………………………………………………