ဂွမြို့နယ်တွင် ရန်ကုန်သို့သွားရောက်မည့် ဘင်္ဂလီ ၃ ဦး ဖမ်းဆီးရမိ
PUBLISHED - August 10, 2023
နေပြည်တော်၊ သြဂုတ် ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင့်ချောင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရန်ကုန်သို့ သွားရောက်မည့် ဘင်္ဂလီ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ဂွမြို့နယ်၊ ဒေါင့်ချောင်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ရှိ သူများက ယာဉ်အဝင်/အထွက် စစ်ဆေးခြင်းများဆောင်ရွက်စဉ် ဂွမြို့ဘက်မှ ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်း ချောင်းမြို့ဘက်သို့ မောင်းနှင်လာသည့် SKY Wave အမျိုးအစား အဖြူရောင်ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ ဘင်္ဂလီ ၁ ဦးနှင့် ၎င်းအား ပို့ဆောင်ပေးသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ဘင်္ဂလီ ၃ ဦးအား ရန်ကုန်သို့ ပို့ဆောင်ရန် စစ်တွေမြို့ရှိ ပွဲစားထံမှတစ်ဆင့် ပို့ဆောင်ခတစ်ဦးလျှင် ကျပ်သိန်း ၄၀ ဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ပြီး ဂွမြို့နယ်၊ ကမ်းသာယာကျေးရွာရှိ တည်းခိုခန်း၌ ခေတ္တတည်းခိုပြီးနောက် ဆိုင်ကယ်ဖြင့် ထွက်ခွာလာခြင်းဖြစ်ကာ ကျန်ရှိသော ဘင်္ဂလီ ၂ ဦးကို အခြားဆိုင်ကယ်ကယ်ရီဖြင့် ပို့ဆောင်ခိုင်းထားကြောင်း သိရသည်။
ယင်းနောက် ကျန်ရှိသော ဘင်္ဂလီ ၂ ဦးနှင့် ပို့ဆောင်သူများအား ဖမ်းဆီးရမိရေး ဒေါင့်ချောင်းပူးပေါင်းစစ်ဆေး ရေးဂိတ်၌ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီခွဲခန့်တွင် သဲချောင်းဒုက္ခသည် စခန်းနေ ရာရှီ (၁၅) နှစ် အုန်းတောကြီးဒုက္ခသည်စခန်းနေ စစ်တွေမြို့၊ ရူကီရာ (၂၂) နှစ်နှင့် ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ အောင်ထွန်းထွေး ၄၇ နှစ်နှင့် ကျော်ဆန်း ၃၈ နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဘင်္ဂလီများကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး အခကြေး ငွေရယူ၍ တရားမဝင်ပို့ဆောင်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
Photo – Credit
#PeopleMedia