• Follow Us on

Home ငပလီမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချပျံလွန်တော်မူ

ငပလီမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချပျံလွန်တော်မူ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ မဇင်ရပ်ရှိ တိလောရုံဘုန်းတော်ကြီးကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးသည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျောင်းတိုက်ပေါ်တွင် ကြိုးဆွဲချပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ အမြင့် ၁၀ ပေခန့်ရှိ သစ်သားတန်းပေါ်တွင် နိုင်လွန်ကြိုးအား လည်ပင်းကြိုးကွင်းစွပ်လျက် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်းနှင့် ဆရာတော်ရုပ်ကလပ်အား သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။

 

ဆရာတော် ဘဒ္ဒန္တပရမသီရိမှာ သက်တော် (၇၄) နှစ်၊ ဝါတော် (၅၄) ဝါရှိ ဖြစ်ပြီး၊ ၎င်းတွင် လည်ပင်းကင်ဆာ ရောဂါနှင့် ဆီးချို၊ သွေးချိုဝေဒနာ ခံစားနေရသူဖြစ်ကြောင်းနှင့် ဂျိတ္တောနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post