• Follow Us on
Latest News

Home ငဖဲမြို့တွင် အမျိုးသား ၃ ဦးနှင့်အတူ တရားမဝင်ဆေးရွက်ခြောက် ကီလိုဂရမ် ၈.၁၃၅ ဖမ်းဆီးရမိ

ငဖဲမြို့တွင် အမျိုးသား ၃ ဦးနှင့်အတူ တရားမဝင်ဆေးရွက်ခြောက် ကီလိုဂရမ် ၈.၁၃၅ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၊ ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးရေးဂိတ်အကျော် နတ်ရေကန် ရှောင်ကွင်းလမ်း၊ မှတ်တိုင်အမှတ် ၄၁/၁ အနီးတွင် အမျိုးသား ၃ ဦးနှင့်အတူ တရားမဝင်ဆေးရွက်ခြောက် ကီလိုဂရမ် ၈.၁၃၅ ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

ယနေ့နံနက် ၉ နာရီအချိန်တွင် သတင်းအရသွားရောက်ဖမ်းဆီးရာ မှတ်တိုင်အမှတ် ၄၁/၁ အနီးတွင် အမျိုးသား ၃ ဦး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ စက်ဘီးနှင့် ဆေးခြောက်များအား ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

“သတင်းကြားလို့ သွားဖမ်းတာ။ တန်ဖိုးငွေ ၁၁ သိန်း ၃ သောင်း ၃ ထောင်ကျော်ဖမ်းမိတယ်” လို့ ငဖဲမြို့မှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် “ရွှေပြည်စိုး” ခရီးသည်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသယ် တစ်ဦးစီ၌ မူးယစ်ဆေးပိုက်များ ဖမ်းဆီးရမိသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


………………………………………….

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post