ငဖဲၿမိဳ႕နယ္ ပေဘြးရြာအနီးရွိ ေတာထဲမွ ခိုးဝင္ဘဂၤါလီ က်ား (၁၁)ဦး ဖမ္းဆီးရမိ
PUBLISHED - February 1, 2020
ငဖဲ၊ ေဖေဖာ္ဝါရီ ၁
မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ဂုတ္ႀကီးရဲစခန္း၏ အေနာက္ေတာင္ဘက္ (၂၄)မိုင္ခန္႔အကြာ ပေဘြးေက်းရြာ ၏ အေရွ႕ဘက္တစ္မိုင္ခန္႔ရွိ ပနီေခ်ာင္းအနီး ေတာထဲမွ ဘဂၤါလီလူမ်ိဳး က်ား(၁၁)ဦးကို ေဖေဖာ္ဝါရီ (၁)ရက္ေန႔ နံနက္ ၆နာရီ ၁၅ အခ်ိန္ခန္႔က ဖမ္းဆီးရမိခဲ့ေၾကာင္း ငဖဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မွ သိရသည္။
ဘဂၤါလီမ်ားေရာက္ရွိေနၾကာင္း သတင္းအရ ဂုတ္ႀကီးစခန္းမွဴး ရဲအုပ္ရဲႏိုင္စိုးႏွင့္တပ္ဖြဲ႕ဝင္းမ်ား၊စရဖ(လပခ)တပ္ၾကပ္ႀကီးေသာင္းဝင္းထြန္း၊ သတင္းရဲတပ္ဖြဲ႕မွ တပ္ၾကပ္ႀကီး ျမင့္သူ၊ ပေဘြးေက်းရြာ၊ ဆားေပါက္ေက်းရြာတို႔မွရာအိမ္မွဴးမ်ားႏွင့္ ပေဘြးေက်းရြာလူငယ္အဖြဲ႕ တို႔မွ ေတာနင္းရွာေဖြခဲ့ရာပေဘြးေက်းရြာ၏ အေရွ႕ဘက္ (၁)မိုင္ခန္႔အကြာ ပနီေခ်ာင္းအနီးရွိ ေတာအတြင္း၌ ဘဂၤါလီ က်ား (၁၁)ဦး အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
“ဘဂၤါလီေတြက ငဖဲ နဲ႔ မင္းလွၿမိဳ႕နယ္ေတြကို ျဖတ္ၿပီး မၾကာခဏ ခိုးဝင္ေနၾကတယ္။ ရဲ နဲ႔ ေဒသခံေတြ ေပါင္းစပ္မိလို႔ ဖမ္းမိေနတာ။ လြတ္သြားတဲ့သူေတြ ဘယ္ေလာက္ေတာင္ ရွိေနၿပီလဲေတာ့မသိဘူး။ ရဲက စစ္တိုင္းလည္း ရန္ကုန္ကို သြားမယ္ခ်ည္း ေျဖၾကတယ္တဲ့။ အဲဒီကေန မေလးရွား ဆက္သြားၾကမွာတဲ့။ ကြၽန္ေတာ္ကေတာ့ မယုံဘူး။ ဘဂၤါလီေတြက ရန္ကုန္ကို သိမ္းဖို႔ႀကံေနတာမ်ားလား။ သားေဖာက္တဲ့နည္း လူၿမိဳတဲ့နည္းနဲ႔ေပါ႔ ” ဟု ငဖဲေဒသခံတစ္ဦးက သူ၏စိုးရိမ္မႈကို ေျပာျပသည္။
အဆိုပါ ဖမ္းဆီရမိခဲ့သည့္ ဘဂၤါလီ လူမ်ိဳးမ်ားသည္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွာလာေရာက္ျခင္းျဖစ္ၿပီး ၎တို႔အား လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ၁၉၄၉ ခုႏွစ္ျမန္မာႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပုံတင္ေရးအက္ဥပေဒျဖင့္ အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
ေဇယ်တု(မေကြး)
#peoplemedia
(unicode)
ငဖဲမြို့နယ် ပဘွေးရွာအနီးရှိ တောထဲမှ ခိုးဝင်ဘင်္ဂါလီ ကျား (၁၁)ဦး ဖမ်းဆီးရမိ
…………………………………………………………………………………..
ငဖဲ၊ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရဲစခန်း၏ အနောက်တောင်ဘက် (၂၄)မိုင်ခန့်အကွာ ပဘွေးကျေးရွာ ၏ အရှေ့ဘက်တစ်မိုင်ခန့်ရှိ ပနီချောင်းအနီး တောထဲမှ ဘင်္ဂါလီလူမျိုး ကျား(၁၁)ဦးကို ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက် ၆နာရီ ၁၅ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့နယ် ရဲတပ်ဖွဲ့ မှ သိရသည်။
ဘင်္ဂါလီများရောက်ရှိနေကြာင်း သတင်းအရ ဂုတ်ကြီးစခန်းမှူး ရဲအုပ်ရဲနိုင်စိုးနှင့်တပ်ဖွဲ့ဝင်းများ၊စရဖ(လပခ)တပ်ကြပ်ကြီးသောင်းဝင်းထွန်း၊ သတင်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး မြင့်သူ၊ ပဘွေးကျေးရွာ၊ ဆားပေါက်ကျေးရွာတို့မှရာအိမ်မှူးများနှင့် ပဘွေးကျေးရွာလူငယ်အဖွဲ့ တို့မှ တောနင်းရှာဖွေခဲ့ရာပဘွေးကျေးရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာ ပနီချောင်းအနီးရှိ တောအတွင်း၌ ဘင်္ဂါလီ ကျား (၁၁)ဦး အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
” ဘင်္ဂါလီတွေက ငဖဲ နဲ့ မင်းလှမြို့နယ်တွေကို ဖြတ်ပြီး မကြာခဏ ခိုးဝင်နေကြတယ်။ ရဲ နဲ့ ဒေသခံတွေ ပေါင်းစပ်မိလို့ ဖမ်းမိနေတာ။ လွတ်သွားတဲ့သူတွေ ဘယ်လောက်တောင် ရှိနေပြီလဲတော့မသိဘူး။ ရဲက စစ်တိုင်းလည်း ရန်ကုန်ကို သွားမယ်ချည်း ဖြေကြတယ်တဲ့။ အဲဒီကနေ မလေးရှား ဆက်သွားကြမှာတဲ့။ ကျွန်တော်ကတော့ မယုံဘူး။ ဘင်္ဂါလီတွေက ရန်ကုန်ကို သိမ်းဖို့ကြံနေတာများလား။ သားဖောက်တဲ့နည်း လူမြိုတဲ့နည်းနဲ့ပေါ့ ” ဟု ငဖဲဒေသခံတစ်ဦးက သူ၏စိုးရိမ်မှုကို ပြောပြသည်။
အဆိုပါ ဖမ်းဆီရမိခဲ့သည့် ဘင်္ဂါလီ လူမျိုးများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာလာရောက်ခြင်းဖြစ်ပြီး ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ၁၉၄၉ ခုနှစ်မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဇေယျတု(မကွေး)
#peoplemedia