ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ပုဂံရှေးဟောင်းဇုန်ရှိ သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းကို ဇန်နဝါရီ ၈ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်
PUBLISHED - January 5, 2022
မန္တလေး၊ ဇန်နဝါရီ ၅ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့၊ ပုံဂံရှေ့ဟောင်းဇုန်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သော သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းကို ဇန်နဝါရီ ၈ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ ၈ ရက်နေ့၌ တရုတ်နိုင်ငံ၊ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦးပါဝင်သော လုပ်ငန်းအဖွဲ့ သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး quarantine ခံယူပြီးနောက် ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ ကနဦးပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တရုတ်ပညာရှင်အဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ပုဂံဌာနခွဲမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန်နေရာ၊ ကုန်ကြမ်းပစ္စည်းများ ထားရှိမည့်နေရာ၊ နေ ထိုင်မှုနေရာ စသည့် မြေယာအသုံးပြုမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
တရုတ်ပညာရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၌ သဗ္ဗညုဘုရား စီမံကိန်းနေရာသို့ရောက်ရှိခဲ့ပြီး ဘုရားကြီး အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြုပြင်ထိန်းသိမ်း ရေးစီမံကိန်း တရားဝင်စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်း၌ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မြေငလျင် ၆.၈ အဆင့် လှုပ်ခတ်မှုကြောင့် ပုံဂံရှေ့ဟောင်းဇုန်ရှိ စေတီတော်များ ထိခိုက်ခဲ့သည်။ ထိုကဲ့သို့ ထိခိုက်ခဲ့သည့် စေတီ တော်များ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ယဉ်ကျေး မှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ပညာရှင်များကို ဖိတ်ခေါ်ခဲ့သည်။
ထိုကဲ့သို့ မြန်မာနိုင်ငံ၏ဖိတ်ခေါ်ချက်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာနှစ်ဦးနှစ် ဖက်သည် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလ တွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ ဆောင် ရွက်ခဲ့သည်။
#PeopleMedia #သာသနာရေး #သဗ္ဗညုဘုရားကြီး
(unicode)
………………………………………………….
မန်တလေး၊ ဇနျနဝါရီ ၅ (People Media)
#PeopleMedia #သာသနာရေး #သဗ်ဗညုဘုရားကွီး