ငါန်းဇွန်မြို့တွင် ကျေးရွာသား (၄) ဦးကို PDF များမှ သတ်ဖြတ်

PUBLISHED - August 14, 2023
နေပြည်တော်၊ သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၊ သားကျင်းကျေးရွာတွင် နေထိုင်သည့် ကျေးရွာနေ ပြည်သူ (၄) ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
သြဂုတ်လ ၁၂ ရက် ညနေ ၃ နာရီအချိန်တွင် PDF များမှ သားကျင်းကျေးရွာသို့ ရောက်ရှိလာပြီး ထိုကျေး ရွာတွင် နေထိုင်သည့် ပြည်သူ (၄) ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရသည့် ပြည်သူ (၄) ဦးမှာ အသက်(၂၀) နှစ်အရွယ် မောင်ဖုန်းတင့်၊ အသက်(၂၅) နှစ်အရွယ် မယဉ်မွန်ဇော်၊ အသက်(၄၈) နှစ်အရွယ် ဒေါ်လှလှနှင့် အသက်(၅၄) နှစ်အရွယ် ဦးဟန်လင်း တို့ကို PDF များမှ သတ်ဖြတ်သွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia