• Follow Us on
Latest News

Home ငါန်းဇွန်မြို့တွင် ဈေးအတွင်း၌ စားသောက်ကုန်များရောင်းချနေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ငါန်းဇွန်မြို့တွင် ဈေးအတွင်း၌ စားသောက်ကုန်များရောင်းချနေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၉

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၊ တံတားဦး-မြို့သာ-မြင်းခြံသွားကားလမ်းဘေးရှိ မြို့သာ ဈေးအတွင်း စားသောက်ကုန်များရောင်းချနေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွား ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၇ ရက် နေ့လည် ၃ နာရီကျော်တွင် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် မြို့စာဈေးအတွင်းသို့ PDF များ ရောက်ရှိလာပြီး ထိုဈေးအတွင်း စားသောက်ကုန်များရောင်းချနေသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ် ခတ်သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရသည့် ငါန်းဇွန်မြို့၊ မြို့သာအရှေ့ကျေးရွာတွင် နေထိုင်သည့် အသက် (၆၇) နှစ်အရွယ် ဦးမြင့်အောင်(ခ)ဦးစိန်မြင့်အောင်၏ ဦးခေါင်းနောက်စေ့မှ နဖူးတွင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး သေဆုံး သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post