ငါန်းဇွန်မြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - August 25, 2023
နေပြည်တော်၊ သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အ ကွာရှိ တောအတွင်းတွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဩဂုတ်လ ၂၃ ရက် မွန်းလွဲ ၂:၄၀ အချိန်တွင် PDF များမှ ရဲပဒိုင်းကျေးရွာတွင် နေထိုင်သည့် ဒေါ်မြင့်မြင့်ဌေး၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုအမျိုးသမီးကို နေအိမ်မှ တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရသည့် ဒေါ်မြင့်မြင့်ဌေးမှာ အသက် (၅၇) နှစ်ရှိပြီး PDF များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်း တွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia