• Follow Us on
Latest News

Home ငါန်းဇွန်မြို့တွင် အမျိုးသားတစ်ဦးနေအိမ်၌ PDF များမှ သေနတ်ဖြင့် ပစ်ခတ်

ငါန်းဇွန်မြို့တွင် အမျိုးသားတစ်ဦးနေအိမ်၌ PDF များမှ သေနတ်ဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၊ မြို့သာအနောက်ကျေးရွာတွင် နေသည့်အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၁ ရက်ည ၇ နာရီကျော်တွင် မြို့သာအနောက်ကျေးရွာရှိ ဦးမင်းအောင်၏ နေအိမ်သို့ PDF များမှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်ထဲတွင်ရှိနေသည့် ထိုအမျိုးသားကို သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း သိရသည်။

 

PDF များပစ်ခတ်မူကြောင့် သေဆုံးသွားသည့် အသက် (၅၅) နှစ်အရွယ် ဦးမင်းအောင်မှာ ဘယ်ဘက်ရင်အုံ/ ရင်ညွန့်အလယ်/ဆီးခုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post