ငါန်းဇွန်မြို့နယ်တို့တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ၁ ဦးအား PDF မှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်

PUBLISHED - November 3, 2023
နေပြည်တော်၊ နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး ၁ ဦးအား PDF အဖွဲ့မှ ဖမ်းဆီးခေါ် ဆောင်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီ ၃၀ အချိန်က ရွာတာဝန်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူ မလွင်လွင်ဦး ၃၉ နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ ၅ ဦး ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး မလွင်လွင်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွား၍ လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာ ၂ ရက် နံနက် ၇ နာရီအချိန်က ငါန်းဇွန်-ငါန်းမြာသွား ကားလမ်းပေါ်၊ ကုန်းလည်ကျေးရွာအုပ်စု၊ ပေါက်တောကျေး ရွာလမ်းခွဲအနီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
#PeopleMedia