• Follow Us on
Latest News

Home ငါန်းဇွန်မြို့နယ်တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို PDF က သတ်ဖြတ်ပြီး ကျောင်းပိုင်ကားနှင့် ငွေကျပ်သိန်း (၄၀၀) ယူဆောင်သွား

ငါန်းဇွန်မြို့နယ်တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို PDF က သတ်ဖြတ်ပြီး ကျောင်းပိုင်ကားနှင့် ငွေကျပ်သိန်း (၄၀၀) ယူဆောင်သွား

Share this post

နေပြည်တော်၊ ဇွန် ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာ(ဒေသအခေါ် ကုလကျေးရွာ)တွင် မင်္ဂလာတောင် ကျောင်း ကျောင်းထိုင်ဘုန်းကြီးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ကာ ကျောင်းပိုင်ကား (၁)စီးနှင့် ငွေကျပ်သိန်း (၄၀၀)ကို ယူဆောင်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ (၂၀)ရက် နံနက် (၁၀)နာရီအချိန်က ကုလားကျေးရွာ မင်္ဂလာတောင်ကျောင်း ကျောင်းထိုင် ဘုန်းကြီး ဦးဒေဝန္ဒ သက်တော် (၅၅)နှစ်၊ ဝါတော်(၂၂)ဝါသည် ကျောင်းတွင်ရှိနေစဉ် PDF အဖွဲ့ဝင် (၉)ဦးသည် ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက် PDF အဖွဲ့ဝင်များသည် ဘုန်းကြီးကျောင်းပိုင် ကား(၁)စီးနှင့် ငွေကျပ်သိန်း (၄၀၀)တို့ကို ယူ ဆောင်ကာ ကျောင်းထိုင်ဘုန်းကြီးအား ကျေးရွာအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ရွာပြင်အရောက်တွင် သတ်ဖြတ်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂)ရက်ကလည်း ကုလားကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF က သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ရက် (၂၀)အကြာ ဖေဖော်ဝါရီလ (၂၂)ရက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF က ထပ်မံသတ်ဖြတ်ခဲ့သည်။

 

ယင်းအပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်ကလည်း PDF အဖွဲ့ဝင်များသည် ကုလားကျေးရွာ ကျန်းမာ ရေးမှူး ဒေါ်တိုးတိုးသန့်နှင့် ၎င်း၏ တူမဝတ်ဆင်ထားသည့် ရွှေ (၅)ကျပ်သား ဆွဲကြိုးတစ်ကုံး၊ စိန်နားကပ် တစ်ရံနှင့် ငွေကျပ်သိန်း (၁၀၀)တို့အား ယူဆောင်ကာ ၎င်းတို့ (၂)ဦး၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ကာ သတ်ဖြတ်ခဲ့သည်။

 

ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာတွင် လက်ရှိအချိန်ထိ ကျောင်းထိုင်ဘုန်းကြီး(၁)ပါး၊ အမျိုးသား (၇)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၃)ဦးကို PDF က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post