• Follow Us on

Home ငါန်းဇွန်မြို့နယ်တွင် တပ်မတော်ထောက်ခံသူ တစ်ရက်တည်း (၃) ဦး သတ်ဖြတ်ခံရ

ငါန်းဇွန်မြို့နယ်တွင် တပ်မတော်ထောက်ခံသူ တစ်ရက်တည်း (၃) ဦး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ တောင်ကုန်းကျေးရွာနှင့် နတ်ကြီးကျေးရွာတို့တွင် တပ်မတော် ထောက်ခံသူ (၃) ဦး တစ်ရက်တည်း သတ်ဖြတ်ခံရကြောင်း သိရသည်။

 

အောက်တိုဘာလ (၈) ရက် ည (၈) နာရီအချိန်က ငါန်းဇွန်မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်သည့် ဦးသိန်းဌေး (၆၈) နှစ်သည် ၎င်း၏ နေအိမ်တွင် အိပ်နေစဉ် PDF အဖွဲ့ဝင် (၈) ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဦးသိန်းဌေးတွင် ဦးခေါင်း၊ ပခုံးနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ သေဆုံးသွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၇) ရက် မွန်းလွဲ (၃) နာရီ မိနစ် (၂၀) ခန့်ကလည်း ငါန်းဇွန်မြို့နယ် နတ်ကြီးကျေးရွာတွင် နေထိုင်သည့် ဦးစိုးထွေး (၃၃) နှစ်နှင့် ဦးရဲသွေး (၂၇) နှစ်တို့အား PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွား ကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဦးစိုးထွေးနှင့် ဦးရဲသွေးတို့တွင် ကျည်ထိမှန် ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post