• Follow Us on
Latest News

Home ငါန်းဇွန်မြို့နယ်တွင် နှစ်ရက်အတွင်း လူ (၇) ဦး သတ်ဖြတ်ခံရပြီး ကျုးလွန်သူများကို တိုင်းအစိုးရ အရေးမယူနိုင်

ငါန်းဇွန်မြို့နယ်တွင် နှစ်ရက်အတွင်း လူ (၇) ဦး သတ်ဖြတ်ခံရပြီး ကျုးလွန်သူများကို တိုင်းအစိုးရ အရေးမယူနိုင်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် နှစ်ရက်အတွင်း လူ (၇) ဦး သတ်ဖြတ်ခံရပြီး ကျူးလွန်သူများကို တိုင်းအစိုးရမှ အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

စက်တင်ဘာလ (၈) ရက် ညနေ (၄) နာရီခွဲအချိန်က ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာတွင် နေထိုင်သည့် ဦးမြင့်ခိုင် (၄၅) နှစ်သည် မိသားစုနှင့်အတူ နေအိမ်နှင့်တွဲလျက် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ပွင့်ကမ္ဘာ လက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် PDF (၅) ဦး ရောက်လာပြီး ဦးမြင့်ခိုင်နှင့် မိသားစုဝင်များအား ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ် သတ်ဖြတ်ခဲ့သည်။

 

PDF အဖွဲ့ဝင်များ၏ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှုကြောင့် ဦးမြင့်ခိုင်၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်ဌေး (၄၄) နှစ်နှင့် ၎င်း၏သမီး မမြတ်ဆုမွန် (၁၄) နှစ်တို့၏ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်တို့တွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာများ ရရှိ ကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏သမီး မအိအိငြိမ်း (၁၇) နှစ်၏ လည်ပင်းနှင့် ဝမ်းဗိုက်တို့ တွင် ထိုးသွင်းဒဏ်ရာ (၄) ချက် ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် စက်တင်ဘာလ (၉) ရက် နံနက် (၁၁) နာရီ (၄၅) မိနစ် အချိန်ကလည်း ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ ငါန်းဇွန်-ငါန်းမြာသွား ကားလမ်းဘေးတွင် PDF အဖွဲ့ ဝင်များ သတ်ဖြတ်ထားသဖြင့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း (၄) လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post