• Follow Us on
Latest News

Home ငါန်းဇွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ငါန်းဇွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ထမင်းဆိုင်ကျေးရွာတွင် ဇူလိုင်လ ၂၉ ရက် ည ၁၀ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ်၊ ထမင်းဆိုင်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးတင်ပိုင် ၅၄ နှစ်သည် မိသား စုနှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတင်ပိုင်တွင် ဦးခေါင်း၊ ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

 

#Newvisionmedia


Share this post