ငါန်းဇွန်မြို့နယ်တွင် မုန့်တီလုပ်ငန်းလုပ်ကိုင်သည့် သားအဖနှစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်
PUBLISHED - September 26, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ- မြင်းခြံသွားကားလမ်းမပေါ်ရှိ ပေါက်စိမ်းကျေးရွာထိပ်တွင် မုန့်တီလုပ်ငန်းလုပ်ကိုင်သည့် သားအဖနှစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာလ (၂၅) ရက် နံနက် (၈) နာရီခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် နေထိုင်သည့် ဦး မောင်လှ(ခ)ဦးလှနီ (၅၇) နှစ်နှင့် သားဖြစ်သူ ဦးသိန်းဝေဦး (၃၈) နှစ်တို့သည် ၎င်းတို့၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၁၀) ဦးခန့်မှ လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယင်းနောက်တွင် ငါန်းဇွန်မြို့နယ် ပေါက်စိမ်းကျေးရွာထိပ်သို့ အရောက်တွင် PDF အဖွဲ့ဝင်များမှ ဦးမောင်လှနှင့် ဦးသိန်းဝေဦးတို့ သားအဖနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia