• Follow Us on

Home ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်သမားများထောင်ထားသည့်မိုင်းများတွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်း

ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်သမားများထောင်ထားသည့်မိုင်းများတွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်း

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာနှင့် နတ်ကြီးကျေးရွာကြားတွင် ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများအား တွေ့ရှိခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအနီးတွင် လက်လုပ်မိုင်းများ ထောင်ထားကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ သားကျင်ကျေးရွာနှင့် နတ်ကြီးကျေးရွာကြား ငါးဇွန်-ငါန်းမြှာသွား ကားလမ်းဘေးတွင် အဝေးထိန်းစနစ်ဖြင့် ပြုလုပ်ထားသည့် အချင်း ၆ လက်မ၊ အရှည် ၈ လက်မရှိ ကွန်ကြူး ပိုက်ခြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၈ လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဆိုပါ မိုင်းများအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post