ငါန်းဇွန်မြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

PUBLISHED - July 28, 2023
နေပြည်တော်၊ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာအုပ်စု၊ ကျင်းသာကျေးရွာတွင် ဇူလိုင်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီအချိန်က အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာနေ သာမန်ပြည်သူ ဦးကျော်မြင့် ၅၇ နှစ်သည် ရွာမြောက်ဘက်ရှိ တောမှ ဆိတ်ကျောင်းပြီးအပြန် ရွာဘုန်းတော်ကြီးကျောင်းအနီးအရောက်တွင် PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဦးကျော်မြင့်တွင် ဦးခေါင်းထိမှန်ဒဏ်ရာအပါအဝင် ကျည်ထိမှန်ဒဏ်များဖြင့် နေရာ၌ပင် သေဆုံးသွား ကြောင်း သိရသည်။
#PeopleMedia