• Follow Us on
Latest News

Home ငါန်းဇွန်မြို့နယ်တွင် မိသားစုဝင် သုံးဦးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ပြီး အလောင်းပို့ဆောင်သည့် ယာဉ်အား ထပ်မံမိုင်းခွဲတိုက်ခိုက်

ငါန်းဇွန်မြို့နယ်တွင် မိသားစုဝင် သုံးဦးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ပြီး အလောင်းပို့ဆောင်သည့် ယာဉ်အား ထပ်မံမိုင်းခွဲတိုက်ခိုက်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် မိသားစုဝင် သုံးဦးအား PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ပြီး ယင်းအလောင်းများကို စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်သည့် ယာဉ်အား ထပ်မံ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ (၁၁)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်က ဆင်ဖြူကုန်းကျေးရွာတွင် နေထိုင်သည့် ဦးအောင်ရင်၏ နေအိမ်ကို PDF အဖွဲ့ဝင် (၆)ဦးသည် ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာပြီး ဦးအောင်ရင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင်၊ သားဖြစ်သူ ဦးအေးငြိမ်းလင်းတို့အား သေနတ်ဖြင့်ပစ်ခတ်ကာ ဓားဖြင့် ထိုးခုတ်သွားပြီး ကျေး ရွာ၏ အနောက်မြောက်ဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။

 

ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် အသက် (၇၀)အရွယ်ရှိ ဦးအောင်ရင်တွင် လည်ပင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲလက်မ ပြတ်ထွက်ဒဏ်ရာ (၁)ချက်၊ ၎င်း၏ဇနီးဖြစ်သူ အသက် (၆၃)နှစ်အရွယ်ရှိ ဒေါ်ခင်စန်းရင်တွင် လည်ပင်းထိုးဒဏ်ရာ (၁)ချက်၊ အသက် (၄၂)နှစ်အရွယ်ရှိ သားဖြစ်သူ ဦးအေးငြိမ်းလင်းတွင် ဦးခေါင်းထိပ် လက်နက်ငယ် ကျည်ထိမှန် ပွင့်ထွက်ဒဏ်ရာ (၁)ချက်ဖြင့် မိသားစုဝင် သုံးဦးလုံး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းနောက်တွင် အဆိုပါ သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းအား ငါန်းမြာကြီးကျေးရွာရှိ ဓမ္မမာမက လူမှု ကူညီရေးအသင်းမှ ဘောက်စီအမျိုးအစား(ခဲရောင်) လူနာတင်ယာဉ်ဖြင့် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာ တိုက် နယ်ဆေးရုံသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် မြေနီကျေးရွာ၏ မြောက်ဘက်သို့အရောက် PDF အဖွဲ့ဝင်များမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

 

မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် နာမှုကူညီရေးယာဉ်၏ ယာဘက်ခြမ်း လေကာမှန်(၃)ချပ်ကွဲ၊ ယာဉ်၏ ယာဘက်ခြမ်း ကိုယ်ထည် အနည်းငယ်ပေါက်ပြဲ ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post