• Follow Us on

Home ငါန်းဇွန်မြို့နယ်တွင် မိသားစုဝင် သုံးဦးနှင့် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ရွာသားတစ်ဦးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်

ငါန်းဇွန်မြို့နယ်တွင် မိသားစုဝင် သုံးဦးနှင့် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ရွာသားတစ်ဦးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်

Share this post

နေပြည်တော်၊ မေ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပန်ကျင်း(တောင်)ရွာတွင် မိသားစုဝင်သုံးဦးနှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ ရွာသားတစ်ဦး စုစုပေါင်း လေးဦးကို PDF အဖွဲ့ဝင်များမှ ရက်ရက်စက်စက် သတ်ဖြတ်သွား ကြောင်း သိရသည်။

 

မေလ (၁၆)ရက် ညနေ (၆)နာရီခွဲအချိန်က လက်ပန်ကျင်း(တောင်) ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီ ထောက်ခံသူ အသက် (၈၀)အရွယ် ဦးတင်ဝင်းသည် နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင်များသည် ဆိုင်ကယ် များဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဦးတင်ဝင်းအား ၎င်း၏ အိမ်ဝိုင်းအပြင်ဘက် လမ်းပေါ်သို့ ခေါ်ဆောင် သွားကာ လည်ပင်းအား ဓါးဖြင့် ပိုင်းဖြတ်သတ်ခဲ့သဖြင့် ဦးတင်ဝင်းသည် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားသည်။

 

၎င်းနောက်တွင် PDF အဖွဲ့ဝင်များသည် လက်ပန်ကျင်းကျေးရွာ အနောက်ပိုင်းသို့ ဆက်လက်သွားရောက်ခဲ့ပြီး အသက် (၅၅)နှစ်အရွယ် ဦးသိန်းဝင်း၊ ဇနီးဖြစ်သူ အသက်(၅၅)နှစ်အရွယ် ဒေါ်ဝင်းမေနှင့် ၎င်းတို့၏ သားဖြစ်သူ အသက် (၂၈)နှစ်အရွယ် မောင်သူရိန်ထွန်းတို့အား လက်ပြန်ကြိုးတုပ်ကာ အိမ်ဝိုင်းအပြင်ဘက်သို့ ခေါ်ထုတ် သွားသည်။

 

ယင်းနောက် လမ်းမပေါ်သို့ အရောက်တွင် PDF အဖွဲ့ဝင်များသည် အဆိုပါ မိသားစုဝင် သုံးဦး၏ ဦးခေါင်း များအား တူဖြင့် ထုရိုက်ပြီး ဓားဖြင့် လည်ပင်ထိုးသွင်း သတ်ဖြတ်ခဲ့သဖြင့် မိသားစုဝင် သုံးဦးသည် အခင်း ဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားသည်။

 

၎င်းနောက်တွင် PDF အဖွဲ့ဝင်များသည် သေဆုံးသူ ဦးသိန်းဝင်း၏ အိမ်တွင်းရှိ ပစ္စည်းများအား ရိုက်ခွဲ ဖျက်ဆီး ကာ ဆိုင်ကယ် (၁)စီး၊ ဖုန်း (၁)လုံးနှင့် ရွှေငွေလက်ဝတ်ရတနာ ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။

 

#PeopleMedia


Share this post