ငါန်းဇွန်မြို့နယ် ထန်းတပင်ကျေးရွာအနီးတွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းများ ဖော်ထုတ်ရှင်း လင်း

PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးတွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖော်ထုတ်ရှင်းလင်းခဲ့သည်။
အောက်တိုဘာလ (၁၉) ရက်က ထန်းတပင်ကျေးရွာအနီးတွင် လက်လုပ်မိုင်းများ ထောင်ထားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထန်းတပင်ကျေးရွာ၏ အရှေ့မြောက်ဘက် မြင်းခြံ-တံတားဦးသွား ကားလမ်း ဘေးသို့ သွားရောက်ရှင်းလင်းခဲ့သည်။
ထိုသို့ရှင်းလင်းရာတွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်ကားမိုင်း (၁၃) လုံး၊ ခဲရောင်ဝါယာကြိုး (၇၀၀) ကိုက်၊ ဆိုင်ကယ်ဘက်ထရီအိုး (၃) လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#PeopleMedia