• Follow Us on
Latest News

Home ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ ရဲစခန်းနှင့် သားဖွါးဆရာမ ပိုင်ဆိုင်သည့် နေအိမ်နှင့် နေအိမ်အတွင်းရှိ ပရိဘောဂများကို စစ်သွေးကြွများမှ ဝင်ရောက် မီးရှို့ဖျက်ဆီး

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ ရဲစခန်းနှင့် သားဖွါးဆရာမ ပိုင်ဆိုင်သည့် နေအိမ်နှင့် နေအိမ်အတွင်းရှိ ပရိဘောဂများကို စစ်သွေးကြွများမှ ဝင်ရောက် မီးရှို့ဖျက်ဆီး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာရှိ ရဲစခန်းနှင့် ကျေးလက်ဆေးပေးခန်းမှ သားဖွါး ဆရာမ ပိုင်ဆိုင်သည့် နေအိမ်နှင့် နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

မင်းနေကုန်းကျေးရွာ ရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့သာရဲစခန်းသို့ သွားရောက်ပူးပေါင်း သွား ကြောင်းနှင့် ကျေးလက်ဆေးပေးခန်းမှ သားဖွါးဆရာမသည် မန္တလေးသို့ ဆေးခန်းပြ သွားရောက်နေစဉ် ဇူလိုင်လ (၂၁)ရက် နေ့လည် (၂)နာရီခန့်က စစ်သွေးကြွ PDF အဖွဲ့ဝင် (၃၀)ဦးခန့် ရောက်ရှိလာကာ မင်းနေကုန်းကျေးရွာ ရဲစခန်းနှင့် ကျေးလက်ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းနေကုန်းကျေးရွာမှ သားဖွါးဆရာမအနေဖြင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး ထရံကာသွပ်မိုးကို အဖီချကာ နေထိုင်ကြောင်းနှင့် PDF အဖွဲ့ဝင်များသည် သားဖွါးဆရာမပိုင်ဆိုင်သည့် ပစ္စည်းများ သီးသန့်ကိုသာ မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“သားဖွါးဆရာမ လုပ်ထားတဲ့ အဖီလေးကို မီးရှို့တယ်။ သားဖွါးဆရာမ နေတဲ့အခန်းက သူ့ပစ္စည်းတွေ ထားတာ။ သူ့အမျိုးသားက ဓာတ်ပုံဆရာဆိုတော့ ဗီဒီယို ဓာတ်ပုံရိုက်တယ်။ ရှင်လောင်းဝတ်စုံ အခမ်းအနား အပြင်အဆင် တွေရော အဲအခန်းထဲ ထည့်ထားတာ။ အဲဒါတွေရော အကုန်မီးရှို့သွားတယ်။ ဆေးခန်းကို ကျတော့ မှန်တွေ အကုန် ရိုက်ခွဲသွားတယ်။ မှန်တွေရိုက်ခွဲပြီးတော့ ဆရာမရဲ့ ဆိုင်ကယ်လေးကိုလည်း မီးရှို့ဖျက်ဆီး သွားသေး တယ်။ ပြီးတော့ ဒိုင်နမိုနဲ့ မီးစက်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဆရာမ အမျိုးသား ကားထားတဲ့ ကားဂိုဒေါင် လေးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဆရာမက ဆေးခန်းသွားပြနေတော့ မတွေ့လို့ ပစ္စည်းတွေ မီးရှို့ ဖျက်ဆီးသွားတာထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

မင်းနေကုန်းကျေးရွာ ကျေးလက်ဆေးပေးခန်းမှ သားဖွါးဆရာမသည် အနီးရှိ ကျေးရွာများအတွက်ပါ အားကိုး အားထားပြုရသည့် ဆရာမဖြစ်ပြီး လူချစ်လူခင်ပေါများသူဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post