• Follow Us on
Latest News

Home ငါန်းဇွန်၊ နွားထိုးကြီး၊ လက်ပံတန်း၊ ဆင်ပေါင်ဝဲ စသည့်မြို့နယ်တို့တွင် တစ်ရက်အတွင်း လူ (၁၀) ဦး သတ်ဖြတ် ခံရ

ငါန်းဇွန်၊ နွားထိုးကြီး၊ လက်ပံတန်း၊ ဆင်ပေါင်ဝဲ စသည့်မြို့နယ်တို့တွင် တစ်ရက်အတွင်း လူ (၁၀) ဦး သတ်ဖြတ် ခံရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

မန္တလေးတိုင်းအတွင်းရှိ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ ပဲခူးတိုင်းအတွင်းရှိ လက်ပံတန်းမြို့နယ်၊ မကွေး တိုင်းအတွင်းရှိ ဆင်ပေါင်ဝဲမြို့နယ်တို့တွင် တစ်ရက်အတွင်း လူ(၁၀)ဦး သတ်ဖြတ်ခံထားရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၂၂)ရက် ည (၇)နာရီခွဲအချိန် ငါန်းဇွန်မြိုနယ် သံကုန်းကျေးရွာနေ ဦးညွန့်လှ၏ ကုန်စုံဆိုင်၌ ယင်းကျေးရွာ နေသူများဖြစ်သည့် ဖိုးချစ်(၁၈)နှစ်၊ နန်းဝင်း(၃၇)နှစ်၊ ဝေအောင်(၂၃)နှစ်၊ ဗျိုင်းကြီး(၂၉)နှစ်၊ ကိုပိုင်(၃၀)နှစ်တ့ို (၅)ဦးသည် ဝိုင်းဖွဲ့၍ အရက်သောက်နေစဉ် PDF အဖွဲ့ဝင် (၈)ဦးသည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် (၅)ဦးလုံး သေဆုံးသွားသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များက အဆိုပါနေရာနှင့် ကိုက် ၃၀၀ ခန့်အကွာရှိ ငွေတိုးချေးစားနေသူ ဦးချစ်ဟန်(၇၂)နှစ်နှင့် ဒေါ်ဝင်း(၇၂)နှစ် တို့၏နေအိမ်သ့ို ထပ်မံသွားရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးချစ်ဟန်တွင် ဝဲဘက်ချိုစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဒေါ်ဝင်းတွင် ဦးခေါင်းထိပ် ကျည်ဖောက်ဝင်/နောက်စေ့ဖောက်ထွက်ဒဏ်ရာ ၂ ချက် စသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ နွားထိုးကြီးမြို့နယ် တက်စီကျေးရွာတွင်နေထိုင်သည့် ကိုဖိုးဇော် (၃၇)နှစ်သည် ၎င်း၏နေအိမ်မှ မကျီးကန်ကျေးရွာသို့ Toyota Hiace ယာဉ်ဖြင့် ထွက်ခွာလာစဉ် မကျီးကန်ကျေးရွာအနီးအရောက် ဆိုင်ကယ် မောင်းနှင်လာသည့် PDF အဖွဲ့ဝင် (၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားခဲ့သဖြင့် ကိုဖိုးဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

 

ထို့ပြင် လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် (၅၉) နှစ်သည် ၎င်း၏နေအိမ်မှ တောင်သာယာကျေးရွာသို ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် သရက်ချောင်းရွာမကျေးရွာနှင့် ရိုးမပတ်လမ်းသို့ ဆက်ထားသော မြေနီလမ်းမပေါ်အရောက်တွင် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

၎င်းနောက်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ငရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်မာဌေး (၄၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF PDF အဖွဲ့ဝင် (၅)ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post