ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွ PDF တွေ သတ်ဖြတ်
PUBLISHED - August 9, 2024
နေပြည်တော်၊ ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ၊ ကုလားတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ဩဂုတ်လ (၈)ရက် ည (၁၀)နာရီအချိန်က ကုလားတဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် ၎င်း၏ နေအိမ်တွင် အိပ်ပျော်နေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၆)ဦးသည် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာသည်။
ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ အိမ်ရှေ့တံခါးမကြီးအား ရိုက်ဖွင့် ကာ ဦးလှမြင့်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ နဖူးတွင် ကျည် ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဘယ်ဘက်ပါး ကျည်ဖေါက်ဝင်ဒဏ်ရာ (၁)ချက်၊ ညာဘက် ပါး ကျည်ဖေါက်ဝင် ဒဏ်ရာ (၁)ချက်ရရှိခဲ့ကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia