• Follow Us on
Latest News

Home ငါ့သရောက်မြို့အနီး သနပ်ပင်ကျေးရွာတွင် စာသင်နေသည့် ဆရာ၊ ဆရာမများကို စစ်သွေးကြွတွေ ရိုက်နှက်သွား

ငါ့သရောက်မြို့အနီး သနပ်ပင်ကျေးရွာတွင် စာသင်နေသည့် ဆရာ၊ ဆရာမများကို စစ်သွေးကြွတွေ ရိုက်နှက်သွား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့အနီးရှိ သနပ်ပင်ကျေးရွာတွင် စာသင်နေသည့် ဆရာ၊ဆရာမများကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်ရိုက်နှက်သွားကြောင်း သိရသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင် (၅)ဦးသည် သနပ်ပင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ကလေးငယ်များကို စာသင်နေသည့်အတွက် ဆရာ၊ဆရာမ (၃)ဦးကို ရိုက်နှက်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ရိုက်နှက်သွားခြင်းကြောင့် သနပ်ပင်ကျေးရွာမှ စာသင်ကြားနေသည့် ဆရာ၊ ဆရာမများ အနေဖြင့် ကျေးရွာတွင် မနေရဲတော့ဘဲ အခြားသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ဒေသခံများက ပြောသည်။

 

ယင်းအပြင် စစ်သွေးကြွများအနေဖြင့် ငါ့သရောက်မြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို ဒလန်ခေါင်းစဉ်တပ်ကာ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ယင်းအတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ငါ့သရောက်မြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် တောင်သာမြို့နယ်စပ်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

 

#PeopleMedia


Share this post