• Follow Us on

Home ငါ့သရောက် ဆည်ရွာတွင် ဆေးခန်းထိုင်နေသည့် ဆရာဝန်အမျိုးသမီးတစ်ဦးကို စစ်သွေးကြွတွေ ဖမ်းဆီးသွား

ငါ့သရောက် ဆည်ရွာတွင် ဆေးခန်းထိုင်နေသည့် ဆရာဝန်အမျိုးသမီးတစ်ဦးကို စစ်သွေးကြွတွေ ဖမ်းဆီးသွား

Share this post

နေပြည်တော်၊ ဩဂုတ် ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ၊ ဆည်ကျေးရွာတွင် ဆေးခန်းထိုင်နေသည့် ဆရာဝန်အမျိုးသမီးတစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။

 

ဩဂုတ်လ (၁၄)ရက် နေ့ခင်း (၂)နာရီ (၁၅)မိနစ်ခန့်က ဆည်ကျေးရွာရှိ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင် အသက် (၄၈)နှစ်အရွယ် ဒေါက်တာအေးအေးမိုးသည် ဆေးခန်းအကူဖြစ်သူ အသက် (၃၇)နှစ်အရွယ် မပန်းအိဖြူနှင့် အတူ ဆေးခန်းတွင် ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၅)ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် သေနတ်အတို/ အရှည်များ ကိုင်ဆောင်ကာ ရောက်ရှိလာသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဆေးခန်းအတွင်း ဝင်ရောက်ကာ ဒေါက်တာ အေးအေးမိုးအား လိုက်ခဲ့ရန် ပြောဆိုပြီး ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကာ ဆေးခန်းအကူ မပန်းအိဖြူအား အခန်းထဲတွင် တံခါးပိတ်ထားခဲ့ပြီး မိနစ်(၃၀)ကြာမှ အခန်းပြင်ထွက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

 

၎င်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဒေါက်တာအေးအေးမိုး ကိုင်ဆောင်သည့် iphone (၁)လုံး၊ Redmi အမျိုးအစားဖုန်း (၁)လုံး၊ မပန်းအိဖြူ ကိုင်ဆောင် သည့် OPPO အမျိုးအစားဖုန်း (၁)လုံးတို့အား ယူဆောင်၍ ဆည်ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post