• Follow Us on

Home ငါးသိုင်းချောင်းမြို့ရှိ “သီရိရတနာတည်းခိုခန်း” ရှေ့တွင် လက်နက်များနှင့်အတူ PDF နှစ်ဦး အရှင်ဖမ်းဆီးရမိ

ငါးသိုင်းချောင်းမြို့ရှိ “သီရိရတနာတည်းခိုခန်း” ရှေ့တွင် လက်နက်များနှင့်အတူ PDF နှစ်ဦး အရှင်ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရိရတနာ လမ်းရှိ “သီရိရတနာတည်းခိုခန်း” ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ လက်နက်များနှင့်အတူ PDF နှစ်ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရသည်။

 

သြဂုတ်လ ၁၉ ရက် နံနက်ခင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ရှေ့ဆောင်ရပ်ကွက်၊ သီရိရတနာလမ်းရှိ သီရိ ရတနာတည်းခိုခန်း၊ အခန်းအမှတ် (A-11) သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအတွင်းထဲတွင် PDF နှစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုPDF နှစ်ဦးမှာ အသက်(၃၇) နှစ်အရွယ် စိုးမင်းအောင်(ခ)ကိုကျော် (ဘ)ဦးဝင်းထိန် လှှိုင်သာယာမြို့၊ နဝ ရတ်လမ်း၊ (၅)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး၊ အသက်(၂၈) နှစ်အရွယ် မင်းလှစည်သူလမ်း၊ (ဘ) ဦးမြင့် ကြည်၊ ဂုံဆိပ်ကမ်းမြိုနယ်၊ (၆၉)ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

စိုးမင်းအောင်(ခ)ကိုကျော်၏ ထွက်ဆိုချက်အရ တည်းခိုခန်းရှေ့တွင်ရပ်ထားသည့် ၎င်းတ့ိုစီးနင်းလာသည့် ယာဉ်အမှတ် YGN-40 DD/9741 TOYOTA COROLLA (အဖြူရောင်) မတယအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ M-4 သေနတ် ၃ လက်(မတပ်ဆင်ရသေး)၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည် (အရေအတွက်စိစစ်ဆဲ)နှင့် ဆက်စပ်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post