• Follow Us on
Latest News

Home ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့ထွက်ခွာ

ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့ထွက်ခွာ

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွား ရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်မည့် မြန်မာနိုင်ငံ သမ္မတဟောင်းဦးသိန်းစိန်အား နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့‌ကြောင်း တရုတ်သံရုံးမှ သိရသည်။

 

အဆိုပါအခမ်းအနားသို့ တက်ရောက်မည့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း အတူတကွလေယာဉ်ဖြင့် တရုတ် နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။

 

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်းနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များလည်း အဆိုပါလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

 

ဇွန်လ ၂၆ ရက်နေ့တွင် သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ သမ္မတဟောင်း ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post