ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်၌ သုံးရက်ကြာ ကျင်းပမည်

PUBLISHED - March 22, 2025
နေပြည်တော်၊ မတ် ၂၂
PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို နေပြည်တော် MICC-2 တွင် သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ ခေါင်းစဉ်ဖြင့် ကဏ္ဍအလိုက် တတ်သိပညာရှင်များက ပါဝင် ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ယခုမတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် သက်ဆိုင်တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia