• Follow Us on
Latest News

Home ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပဖို့ ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်တွေ သဘောတူ

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပဖို့ ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်တွေ သဘောတူ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

 

ကမ္ဘာ့အရှည်ကြာဆုံး မော်ဝါဒီသူပုန်တွေရဲ့ ပုန်ကန်မှုအဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန် လည်စတင်ဖို့ ဖိလစ်ပိုင်အစိုးရရော ကွန်မြူနစ်သူပုန်အဖွဲ့ကပါ သဘောတူညီခဲ့တယ်လို့ နှစ်ဖက်စလုံးက ပြော ကြားလိုက်ပါတယ်။

 

ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုနဲ့အတူ ၁၉၆၉ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ လက်ရှိလက်နက်ကိုင်တော်လှန်ရေးဟာ ဆင်းရဲ-ချမ်းသာကွာဟမှုကြီးမားလှတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ရှင်သန်အားကောင်းလာခဲ့တာဖြစ်ပါတယ်။

 

၁၉၈၀ ပြည့်လွန်နှစ်များမှာ အားအကောင်းဆုံးကာလဖြစ်ခဲ့တဲ့အလျှောက် အဲဒီအချိန်က ဖိလစ်ပိုင်ကွန်မြူနစ်အင် အားဟာ ၂၆၀၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ အင်အား ၂၀၀၀ အောက်သာရှိပါတော့တယ်။

 

ဖိလစ်ပိုင်အစိုးရအဆက်ဆက်ဟာ နယ်သာလန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဖိလစ်ပိုင်ကွန်မြူနစ်နိုင်ငံရေးအဖွဲ့ဖြစ် တဲ့ အမျိုးသားဒီမိုကရက်တစ်တပ်ဦး (National Democratic Front -NDF) က တစ်ဆင့် ကွန်မြူနစ်သူပုန်တွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်မှာ နယ်သာလန်နိုင်ငံနဲ့ နော်ဝေနိုင်ငံမှာ နော်ဝေအစိုးရက ကမကထဦးဆောင်ကျင်းပခဲ့တဲ့ အလွတ် သဘောအစည်းအဝေးတွေ ပြီးဆုံးပြီးနောက်မှာ အခုနောက်ဆုံးသဘောတူညီချက်ထွက်ပေါ်လာခဲ့တာဖြစ် ကြောင်း ဖိလစ်ပိုင်အရာရှိတွေက သတင်းထောက်တွေကို မနီလာမှာပြောပါတယ်။

 

“လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်။ နက်ရှိုင်းစွာအမြစ် တွယ်နေတဲ့ လူမှုစီးပွားမကျေနပ်မှုတွေနဲ့ နိုင်ငံရေးအရ မကျေနပ်မှုတွေကို နှစ်ဖက်စလုံးက အသိအမှတ်ပြုထား ပါတယ်။ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းဖို့အတွက် ဦးစားပေးအကြောင်းအရာတွေကို ချမှတ်ထားတဲ့ မူဘောင်တစ်ခု ကို ရေးဆွဲဖို့ သဘောတူထားကြပါတယ်။” လို့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ် ဖက် လက်မှတ်ရေးထိုးခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်မှာ အလွန်ကောင်းမွန်တဲ့သတင်းဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီးရိုမီယိုဘရော်နာက ပြောပါတယ်။

 

“ပြည်တွင်းပဋိပက္ခအဆုံးသတ်သွားပြီဆိုရင် ကျွန်တော်တို့တပ်မတော်အနေနဲ့ ပြည်ပရန်နဲ့ နိုင်ငံပိုင်နယ်နိမိတ် ကာကွယ်ရေးအတွက် အဓိကအာရုံစိုက်အလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးရိုမီယိုဘရော်နာ က ပြောပါတယ်။

 

ဒါပေမဲ့ အပြီးသတ်သဘောတူညီချက်မရမချင်း ဖိလစ်ပိုင်တပ်မတော်အနေနဲ့ ဖိလစ်ပိုင်ကွန်မြူနစ်ပါတီရဲ့ လက် နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့တပ်မတော်သစ် (New People’s Army) ကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

သောင်းကျန်းမှုကိုစတင်ခဲ့တဲ့ ဂျို့စ်မာရီယာဆီဆွန် ပြည်ပြေးဘဝနဲ့ နယ်သာလန်နိုင်ငံမှာ သေဆုံးသွားပြီးနောက် တစ်နှစ်နီးပါးအကြာမှာ အခုလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်လည်စတင်မယ့် သဘောတူညီချက်ထွက်ပေါ်လာ ခဲ့တာဖြစ်ပါတယ်။

 

ဂျို့စ်မာရီယာဆီဆွန်ဟာ ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးအနှောင့်အယှက်အတားအဆီးဖြစ်ပြီး ၎င်းသေဆုံး မှုဟာ နိုင်ငံတွင်းအကြမ်းဖက်မှုတွေကို အဆုံးသတ်သွားစေမယ့် အကြောင်းတရားဖြစ်ကြောင်း ဖိလစ်ပိုင်ကာ ကွယ်ရေးဝန်ကြီးဌာနက ၎င်းသေဆုံးချိန်မှာ ပြောကြားခဲ့ပါတယ်။

 

Ref: Philippines, Communist Rebels Say They Agree To Resume Peace Talks

 

#PeopleMedia


Share this post