• Follow Us on
Latest News

Home ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP တို့တွေ့ဆုံ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထား သည့်အချက်များ အကောင်အထည်ဖော်နိုင်ရေးကိစ္စများဆွေးနွေး

ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP တို့တွေ့ဆုံ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထား သည့်အချက်များ အကောင်အထည်ဖော်နိုင်ရေးကိစ္စများဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပပြု လုပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် UWSP ၊ NDAA ၊ SSPP အဖွဲ့တို့မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက် ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ကိုယ်စား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများနှင့် EAO များဘက်မှ ဆွေးနွေးလိုသည့်အချက်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းချက်များ အရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့‌ကြောင်း သိရသည်။

 

ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post