• Follow Us on
Latest News

Home ငြိမ်းချမ်းရေးရရှိအောင် ဟားမတ်စ်အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ကြောင်း တူရကီနိုင်ငံရေးအကြံပေး ပြောကြား

ငြိမ်းချမ်းရေးရရှိအောင် ဟားမတ်စ်အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ကြောင်း တူရကီနိုင်ငံရေးအကြံပေး ပြောကြား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅

 

ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တွေကို နိုင်ငံတွင်း လက်ခံထားတာနဲ့ပတ်သက်ပြီး တူရကီနိုင်ငံဟာ ငြိမ်းချမ်း ရေးရရှိလာအောင် ဟားမတ်စ်အဖွဲ့နဲ့ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ကြောင်း တူရကီထိပ်တန်းခေါင်းဆောင် တစ်ဦးက ကာကွယ်ပြောဆိုလိုက်ပါတယ်။

 

တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်ရဲ့ ထိပ်တန်း နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးအကြံပေးအရာရှိ အကစ် ကာဂတေကလစ်က ပြော ကြားလိုက်တာဖြစ်ပါတယ်။ ဟားမတ်စ်အဖွဲ့ဝင်တွေအနေနဲ့ တူရကီနိုင်ငံထဲကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်သလို အမြဲတမ်းနေထိုင်နေတဲ့သူတွေလည်း ရှိပါတယ်။

 

ဟားမတ်စစ်အဖွဲ့ထိပ်တန်းခေါင်းဆောင်တွေဟာ နှစ်ပေါင်းများစွာကတည်းက တူရကီနိုင်ငံက သမ္မတအာဒိုဂန်နဲ့ အခါအားလျော်စွာ သွားရောက်တွေ့ဆုံလေ့ရှိပါတယ်။

 

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟန်နီယက်ဟာ ဇူလိုင်လအတွင်းက သမ္မတအာဒိုဂန်နဲ့သွားရောက်တွေ့ဆုံ ခဲ့သလို အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းက ၎င်းနေထိုင်ရာ ကာတာနိုင်ငံထဲမှာမရှိဘဲ တူရကီနိုင်ငံထဲမှာ ရောက်ရှိနေတာဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

ဂါဇာစစ်ပွဲစတင်ကတည်းက အင်္ဂလိပ်ဘာသာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ “အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုဖြစ်ပွားစဉ် အစ္စမေးလ်ဟန်နီယက် တူရကီနိုင်ငံထဲမှာရှိမရှိ ၎င်းအနေနဲ့မသိကြောင်း၊ ရှိကောင်းရှိနေ နိုင်ကြောင်း” အကစ်ကာဂတေကလစ်က ပြောပါတယ်။

 

နိုင်ငံအများအပြားက ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားပေမဲ့ တူရကီနိုင်ငံက အဲဒီလို မသတ်မှတ်ကြောင်း ကလစ်က ပြောပါတယ်။

 

“ဟားမတ်စ်အဖွဲ့ဝင်တွေ ဘယ်အချိန်က၊ ဘယ်နေရာမှာ နေထိုင်သလဲဆိုတာ ပြဿနာမဟုတ်ပါဘူး။ ပြဿနာ က လက်ရှိကြုံတွေ့နေရတဲ့ ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတာက ပြဿနာပါ။ လက်ရှိကြုံတွေ့နေရတဲ့ စစ် ပွဲကို ဘယ်လိုရပ်တန့်အောင်ဖြေရှင်းမလဲဆိုတာက ပြဿနာပါ။” လို့ ၎င်းက ပြောပါတယ်။

 

“ဒီကနေ့ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ကျွန်တော်တို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က ကျွန်တော်တို့ ဟားမတ်စ်တွေနဲ့ ဆက်သွယ်နေသလား၊ ပူးပေါင်းပြီး အလုပ်လုပ်နေသလားလို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အစ္စရေးက ကျွန်တော်တို့ကို မေးခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးထောက်လှမ်းရေးက ဟားမတ်စ်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတာနဲ့ပတ်သက် ပြီးတော့လည်း ကလစ်က အစ္စရေးကို သတိပေးလိုက်ပါတယ်။

 

တူရကီမြေပေါ်မှာ ဟားမတ်စ်အဖွဲ့ဝင်တွေကို အစ္စရေးက လာရောက်လုပ်ကြံမယ်ဆိုရင် ဘယ်လိုမှ လက်ခံနိုင်စ ရာအကြောင်းမရှိဘူးလို့ ကလစ်က ပြောပါတယ်။

 

တူရကီမြေပေါ်မှာ အဲဒီလိုလာလုပ်ရင် အစ္စရေးအနေနဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ဆိုးဆိုးရွားရွား ခံစားရ လိမ့်မှာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ တူရကီအရာရှိတွေကလည်း အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။

 

တူရကီသမ္မတအာဒိုဂန်ကလည်း ဟားမတ်စ်အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ ပါလက်စတိုင်း မြေကိုကာကွယ်နေတဲ့ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း အောက်တိုဘာလ အတွင်းက ပြောကြားခဲ့ပါတယ်။

 

Ref: Hamas leader “might have been” in Turkey during October 7 attack, Turkish official says

 

#PeopleMedia


Share this post