• Follow Us on
Latest News

Home ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် လက်တွေ့ကျပြီးဖြစ်နိုင်သည့်လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် လက်တွေ့ကျပြီးဖြစ်နိုင်သည့်လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်တွေ့ကျ ပြီး ဖြစ်နိုင်သည့်လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမငါးလအတွင်း ငါးသိန်းကျော်ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ယခင်နှစ်ကထက် ခရီးသည် ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူ ပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း ပြောသည်။

 

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံး ပကတိလိုအပ်ချက်ဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေမှာ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဒေသဖွံ့ဖြိုးရေးဟာ လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်နိုင်မည် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး၏အရသာနှင့် အသီးအပွင့်များကို ရရှိခံစားလာနိုင်မည်ဖြစ်ခြင်းကြောင့် လက်ရှိ ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးနှင့်ဒေသတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးလုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ကြီးဌာနနှင့် ခရီးသွားအဖွဲ့အစည်းများအနေဖြင့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များကို ခရီးသွားဧည့်သည်များထံ အချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိစေမည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ဆောင်ရွက်သူများ ကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post