ငြိမ်းချမ်းသောဆန္ဒပြမှုများအပေါ် သေနတ်များအသုံးပြုမှုများက လက်သင့်ခံနိုင်ဖွယ်ရာမရှိဟု ဂျပန်နိုင်ငံ ပြော

PUBLISHED - February 23, 2021
Ref; Japan, US condemn violence in Myanmar
(unicode)
ငြိမ်းချမ်းသောဆန္ဒပြမှုများအပေါ် သေနတ်များအသုံးပြုမှုများက လက်သင့်ခံနိုင်ဖွယ်ရာမရှိဟု ဂျပန်နိုင်ငံ ပြော
………………………………………………..
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂ (People Media)
မကြာသေးမီက မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသော မြန်မာပြည်သူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုလုပ်ရပ်များကို ဂျပန်နှင့် အမေရိကန် အစိုးရတာဝန်ရှိသူများက ရှုတ်ချလိုက် သည်။
ဆန္ဒဖော်ထုတ်သူများကို ပစ်ခတ်ခြင်းကြောင့် အရပ်သားအများအပြား ထိခိုက်သေဆုံးရခြင်းကို ဂျပန်နိုင် ငံက အပြင်းအထန် ရှုတ်ချကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ကာတိုကတ်ဆုနိုဘူက ယနေ့ သတင်း ထောက်များသို့ ပြောကြားသည်။
ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများ၏ မိသားစုများအတူ ဝမ်း နည်းမိပါကြောင်း၊ ဒဏ်ရာရရှိသူများအတွက် စိတ်မကောင်းဖြစ်မိကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းသောဆန္ဒပြမှုများအပေါ် သေနတ်အသုံးပြုမှုများက လက်သင့်ခံနိုင်ဖွယ်ရာမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အရပ်သားများအပေါ် အကြမ်းဖက်မှု ချက်ချင်း ရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်း သိမ်းထားသော တာဝန်ရှိသူများကို လွှတ်ပေးရန် ဂျပန်အစိုးရက မြန်မာ လုံခြုံရေးအာဏာပိုင်များကို တိုက်တွန်း ကြောင်း ၎င်းက ဆိုသည်။
ဒီမိုကရေစီ နိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ကျင့်သုံးရန် ဂျပန်အစိုးရက မြန်မာ့တပ်မတော်ကို တောင်း ဆိုကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုပြုလုပ်သူများကို အမေရိကန်နိုင်ငံက ခိုင်ခိုင်မာမာ အရေးယူမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူများနှင့် တစ်သားတည်း ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Japan, US condemn violence in Myanmar