• Follow Us on
Latest News

Home ငွေကြေးဖောင်းပွမှုနှုန်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဗဟိုဘဏ်နဲ့ ဆွေးနွေးမည်

ငွေကြေးဖောင်းပွမှုနှုန်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဗဟိုဘဏ်နဲ့ ဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၂

 

ငွေကြေးဖောင်းပွမှုနှုန်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဖိချိုင်းချန်ဟာဗာဂျီရာက ထိုင်းဗဟို ဘဏ်အုပ်ချုပ်ရေးမှူး ဆီသာပွတ်ဆူသီဝတ္တနာရူးပွတ်နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက် ထာထာဗီဆင်က သောကြာနေ့ (ဇွန်လ ၂၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

စီးပွားရေးကို အားပေးမြှင့်တင်နိုင်မယ့် နောက်ထပ်ဘဏ္ဍာရေးမူဝါဒတွေကိုလည်း လာမယ့်သီတင်းပတ်မှာ ကြေ ညာသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ထိုင်းစီးပွားရေးမြင့်တင်ဖို့အတွက် အတိုးနှုန်းလျှော့ချပေးဖို့ ဝန်ကြီးချုပ်ကတောင်းဆိုထားတဲ့အတွက် အတိုးနှုန်း ကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဗဟိုဘဏ်တို့ အကြီးအကျယ်သဘောထားကွဲလွဲနေတာ လပေါင်းများစွာကြာပြီဖြစ် ပါတယ်။

 

ဗဟိုဘဏ်ကလည်း ၎င်းတို့ချမှတ်ထားတဲ့ အတိုးနှုန်း ၂.၅၀% ကို မပြောင်းလဲဘဲ အခုလအစောပိုင်းအထိ တင်း ခံထားပါတယ်။

 

အတိုးနှုန်း ပြန်လည်ဆန်းစစ်လေ့လာမှုကို သြဂုတ်လ ၂၁ ရက်န့မှာ ဆောင်ရွက်မယ်လို့ဆိုပါတယ်။

 

၁% ကနေ ၃% အထိ ငွေကြေးဖောင်းပွမှုနှုန်းကို ဗဟိုဘဏ်နဲ့အတူ ပြန်လည်ဆန်းစစ်သွားမှာဖြစ်ကြောင်း မေလအတွင်း ဘဏ္ဍာရေးဝန်ကြီးတာဝန်စတင်ထမ်းဆောင်စဉ် မစ္စတာဖိချိုင်းက ပြောပါတယ်။

 

အတိုးနှုန်းသတ်မှတ်ချက်နဲ့ ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက်တို့ဟာ သင့်လျော်တဲ့သတ်မှတ်ချက်ဖြစ် ကြောင်း ဗဟိုဘဏ်က အစောပိုင်းက ပြောပါတယ်။

 

မေလအတွင်း သတ်မှတ်ခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၁.၅၄% ဖြစ်ပါတယ်။

 

တရားရုံးတွေက ဝန်ကြီးချုပ်ဖယ်ရှားရေးတောင်းဆိုချက်အပါအဝင် အရေးကြီးတဲ့အမှုလေးငါးမှုကို ကိုင်တွယ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံရေးမရေရာမှုတွေက ဈေးကွက်တွေကို ခြိမ်းခြောက်နေတဲ့ကြားမှာ အစိုးရနဲ့ ဗဟိုဘဏ်ရဲ့ဆွေးနွေးမှုတွေ ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

Ref: Finance minister, central bank chief to discuss inflation target, PM says

 

#PeopleMedia


Share this post