ငွေတွင်းကျေးရွာသို့ ဗုံးလာချသည့် PDF များကို ပြည်သူ့စစ်အဖွဲ့ဝင်များမှ ပြန်လည်တိုက်ခိုက်သဖြင့် PDF (၅) ဦးထက်မနည်း သေဆုံး
PUBLISHED - October 5, 2023
နေပြည်တော်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသို့ ဒရုန်းဖြင့် ဗုံးလာချသည့် PDF အဖွဲ့ဝင်များကို ငွေတွင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင်များမှ သွားရောက်တိုက်ခိုက်ခဲ့သဖြင့် PDF အဖွဲ့ဝင် (၅) ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
အောက်တိုဘာလ (၃)ရက် ညနေ (၄)နာရီခန့်က ငွေတွင်းကျေးရွာ၏ တောင်ဘက် မီတာ (၁၅၀၀)ခန့်အကွာမှ PDF အဖွဲ့ဝင်များသည် ငွေတွင်းကျေးရွာအား ဒရုန်းဖြင့် လာရောက်တိုက်ခိုက်သဖြင့် ငွေတွင်းကျေးရွာ ပြည်သူ့ စစ်အဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့သည်။
ထိုသို့ သွားရောက်ရှင်းလင်းရာတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ ဝင် (၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့နှင့်အတူ ပါလာသည့် ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့သည်။
သိမ်းဆည်းရမိခဲ့သည့် အရာများမှာ Drone ဗုံးသီး (၁၂)လုံး၊ Drone မောင်း Control ခေါ် RC (၂)ခု၊ Drone ပစ္စည်းထည့်စရာ Box (၂)လုံး၊ Drone ပန်ကာ(၃)စုံ၊ Drone ခြေထောက်ခုံ (၁)ခု၊ ပြောက်ကျားအင်္ကျီ (၁)ထည်၊ ပြောက်ကျားဦးထုပ် (၁)လုံး၊ ရိုးရိုးဦးထုပ် (၁)လုံး၊ ဖိနပ် (၅)ရံ၊ Drone Battery (၅)လုံး၊ တဘက် (၂)ထည်၊ ဘေးလွယ်အိတ် (၂)လုံးတို့ဖြစ်ကြောင်း သိရသည်။
#PeopleMedia