• Follow Us on

Home ငွေလိမ်ဂိုဏ်းက ထိန်းချုပ်ထားတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းကြည်းတပ် ကယ်ထုတ်ခဲ့

ငွေလိမ်ဂိုဏ်းက ထိန်းချုပ်ထားတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းကြည်းတပ် ကယ်ထုတ်ခဲ့

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၆

 

မြန်မာနိုင်ငံထဲက အွန်လိုင်းလူလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) မှာ လိမ်လည်လှည့်ဖျားခံရပြီး အလုပ်လုပ်နေရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီမော်ရိုကိုနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို ဝင် ရောက်လာကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

 

မြဝတီ ခရိုင်ထဲမှာ ထိန်းချုပ်ထားတဲ့ မော်ရိုကိုနိုင်ငံသား ၂၁ ဦးကို ကူညီကယ်ထုတ်ပေးဖို့ ဘန်ကောက်မှာရှိတဲ့ မော်ရိုကိုသံရုံးက ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းခဲ့ပြီးနောက် အဆိုပါမော်ရို ကိုနိုင်ငံသားတွေကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီ မော်ရိုကိုနိုင်ငံသားတွေကို ကမ္ဘာတစ်ဝန်းကလူတွေကို ၎င်းတို့အတွက် အလုပ်လုပ်ပေးဖို့ လိမ်လည်လှည့် ဖျားနေတဲ့ လူလိမ်တွေက မြဝတီခရိုင်ထဲမှာ ထိန်းချုပ်ထားတာလို့ဆိုပါတယ်။

 

အောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ Move Forward ပါတီရဲ့ လွှတ်တော်အမတ် ဖြစ်သူ ရန်းစီမံရုမ်းက ကယ်ဆယ်ရေးလုပ်ငန်းအတွက် အကူအညီပေးဖို့ ထိုင်းကြည်းတပ်ကို မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။

 

ထိန်းချုပ်ခံထားရတဲ့ ၂၁ ဦးအနက် ၂ ဦးက မြဝတီကထွက်ခွာဖို့ ငြင်းဆိုခဲ့သလို ၇ ဦးက လျော်ကြေးငွေပေးပြီး ပြန်လည်လွတ်မြောက်ခဲ့ပြီးသားဖြစ်ပါတယ်။ ထိုင်းကြည်းတပ်က ကျန်တဲ့ ၁၂ ဦးနဲ့ ဆက်သွယ်ပြီး ၎င်းတို့ကို ပြန် လွှတ်ပေးဖို့ ထိန်းချုပ်ထားတဲ့သူတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း မစ္စတာရန်းစီမံက ပြောပါတယ်။

 

“တပ်မတော်ကို ကျေးဇူးတင်ကြောင်း ကျွန်တော်နောက်ထပ်တစ်ကြိမ်ပြောလိုပါတယ်။ တပ်မတော်သားတွေရဲ့ အကူအညီမပါဘဲနဲ့ မော်ရိုကိုနိုင်ငံသားတွေကို ကျွန်တော်တို့ ကယ်ထုတ်နိုင်မှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြော ပါတယ်။

 

မစ္စတာရန်းစီမံထံက သတင်းပေးပို့ချက်ရရှိပြီးနောက် ၎င်းတို့အနေနဲ့ အဖွဲ့အစည်းလေးငါးခုနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေနဲ့ ဆက်သွယ်ခဲ့ကြောင်း ထိုင်းကြည်းတပ်က ပြောပါတယ်။

 

နောက်ဆက်တွဲအနေနဲ့ မော်ရိုကိုနိုင်ငံသား ၂၁ ဦးဟာ တပ်ခ်ပြည်နယ် ဖပ်ဖရာခရိုင်နဲ့ မလှမ်းမကမ်းမှာ တည်ရှိ တဲ့ ကာစီနိုလောင်းကစားရုံတစ်ခုမှာ ထိန်းသိမ်းခံထားရကြောင်း ကြည်းတပ်က စုံစမ်းသိရှိခဲ့ရပါတယ်။

 

အဲဒီနောက် ထိုင်းကြည်းတပ်ဟာ ကာစီနိုပိုင်ရှင်နဲ့ စေ့စပ်ညှိနှိုင်းရာမှာ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာ တပ်မ တော် (DKBA) အဖွဲ့နဲ့ ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ကျန်ရှိနေတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးဟာ ထိုင်းနိုင်ငံထဲကို သောကြာနေ့ မနက် ၁၀ နာရီက ရောက်ရှိလာပြီ ဖြစ်ကြောင်း ထိုင်းကြည်းတပ်က အတည်ပြုပြောကြားပါတယ်။

 

ကနဦးက မော်ရိုကိုသံရုံးဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းကြည်းတပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးတို့ကို မေလ ၁၇ ရက်နေ့က စာရေးအကူအညီတောင်းခံခဲ့တယ်လို့ဆိုပါ တယ်။

 

ဒါပေမဲ့ ဘာတစ်ခုမှ တိုးတက်မှုမရှိတဲ့အတွက် မော်ရိုကိုသံရုံးဟာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ တရား မျှတရေးပါတီ (Fair Party) က လွှတ်တော်အမတ်ကန်နဗီးဆတ်ဘ်ဆန်းတို့ကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီမော်ရိုကိုနိုင်ငံသားတွေကို တစ်လကို ဒေါ်လာ ၁၀၀၀ (ဘတ်ငွေ ၃၆၀၀၀) နဲ့ ထိုင်းနိုင်ငံက အွန်လိုင်းစီးပွား ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို့ဆိုပြီး ခေါ်ယူခဲ့တာဖြစ်ကြောင်း Exodus Road လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီမော်ရိုကိုနိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော် တစ်ဖက်နိုင်ငံထဲခေါ်ဆောင်သွားပြီး မော်ရိုကိုနိုင်ငံ သားတွေကို လိမ်လည်ဖို့ ငွေလိမ်ဂိုဏ်းရဲ့ call center မှာ အလုပ်လုပ်ခိုင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

Ref: 12 Moroccans rescued from scammers

 

#PeopleMedia


Share this post