• Follow Us on

Home ငှက်ပုံစံ သူလျှိုဒရုန်းကို တရုတ်ထုတ်ဖော်ပြသ

ငှက်ပုံစံ သူလျှိုဒရုန်းကို တရုတ်ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၈

 

ငှက်တစ်ကောင်ပုံသဏ္ဍန်နဲ့ ချွတ်စွပ်နီးပါးတူတဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်ဒရုန်းအမျိုးအစား တစ်မျိုးကို တရုတ်နိုင်ငံက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

ဥရောပနဲ့ အာရှမှာရှိတဲ့ စာကလေးတစ်မျိုးနဲ့ ဆင်တူတဲ့ အဲဒီကင်းထောက်ဒရုန်းကို တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) စတင်တည်ထောင်တဲ့ နှစ်ပတ်လည်အခမ်းအနားနေ့ (သြဂုတ်လ ၁ ရက်နေ့) မှာ ထုတ် ဖော်ပြသခဲ့တာဖြစ်ပါတယ်။

 

အဝေးကနေ ကြည့်မြင်ခွဲခြားရာမှာ တကယ့်ငှက်အစစ်နဲ့တူအောင် အဲဒီဒရုန်းရဲ့ပျံသန်းမှုကို ငှက်တစ်ကောင်ပျံ သန်းသလို အတောင်နှစ်ဖက်ခတ်ပြီးပျံသန်းတဲ့ပုံစံအတိုင်း တုပပြုလုပ်ထားတာဖြစ်ပါတယ်။

 

အဲဒီငှက်ရုပ်ဒရုန်းရဲ့ နည်းပညာအကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ဒီဒရုန်းဟာ ရန်သူ့ တပ်ဖွဲ့တွေကို ထိရောက်စွာ စောင့်ကြည့်ထောက်လှမ်းနိုင်ဖို့အတွက် ခေတ်မီဆင်ဆာ (အာရုံခံကိရိယာ) တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဒီသေးငယ်တဲ့ ငှက်ရုပ်ဒရုန်းဟာ ရန်သူ့ပစ္စည်းတွေ အထူးသဖြင့် ဖုံးကွယ်ထားတဲ့ပစ္စည်းတွေကို တိုက် ခိုက်နိုင်တဲ့ အသေးစားလက်နက်ထိပ်ဖူးလေး တပ်ဆင်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

ဒါပေမဲ့ ဒီငှက်ရုပ်ဒရုန်းအမျိုးအစားဟာ ပျံသန်းနိုင်တဲ့အကွာအဝေးနဲ့ တစ်ဆက်တည်းပံျသန်းနိုင်တဲ့အချိန် အ လွန်နည်းပါးတဲ့အတွက် ဒီဒရုန်းတွေကို တာတိုကင်းထောက်လုပ်ငန်းတွေမှာသာ အသုံးပြုဖို့ သင့်တော်တယ်လို့ ဆိုပါတယ်။

 

ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ PLA ရဲ့ ရေကြောင်းကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ဦးက ရေထဲကပေါ်လာပြီး စာကလေးပုံစံ ဒရုန်းတစ်စင်း လွှတ်တင်နေတဲပုံကို ပြသထားပါတယ်။

 

လွှတ်တင်လိုက်တဲ့ဒရုန်းဟာ မိနစ်အနည်းငယ်ကြာအောင် ငှက်တစ်ကောင်လို အတော်ပံခတ်ပျံသန်းသွားတာ တွေ့လိုက်ရပါတယ်။

 

တခြားဗီဒီယိုဖိုင်တစ်ခုမှာတော့ ကွန်မန်ဒိုစစ်သည်တစ်ဦးက သိမ်းငှက်အရွယ်အစား ဒရုန်းတစ်စင်းကို လွှတ်တင် နေတာမြင်ရပါတယ်။

 

အခုလို တိရစ္ဆာန်ပုံသဏ္ဍန် ဒရုန်းတွေကို တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်တာ ပထမဦးဆုံးအကြိမ်တော့ မဟုတ် ပါဘူး။ အမြီးလှုပ်ခတ်ပြီး ရေကူးနေတဲ့ “စက်ရုပ်ငါး” တစ်ကောင်ရဲ့ပုံပါတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ၂၀၂၁ ခုနှစ်တုန်း က South China Morning Post က ထုတ်လွှင်ခဲ့ဖူးပါတယ်။

 

အဲဒါငါးဟာ တကယ့်ငါးအစစ်မဟုတ်ဘဲ ပင်လယ်ပြင်ရေအောက် စောင့်ကြည့်ထောက်လှမ်းအလုပ်တွေဆောင် ရွက်ဖို့ တီထွင်ထားတဲ့ ရေအောက်ဒရုန်းတစ်စင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: China Unveils Military Spy Drones Disguised as Birds

 

#PeopleMedia


Share this post