• Follow Us on

Home ငှက်ပျောသီးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးကမ်းပါးသို့ဝင်တိုက်

ငှက်ပျောသီးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးကမ်းပါးသို့ဝင်တိုက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

ရှမ်းပြည်နယ်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရူခင်းသာကျော်၊ မန်လွယ်ရွာအဆင်းတွင် ငှက်ပျောသီးများ တင် ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးကမ်းပါးသို့ဝင်တိုက်မူဖြစ်ပွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၂ ရက် နံနက် ၈ နာရီကျော်တွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်း ရရှိသောကြောင့် ဒေသခံလူမှုကူညီရေးမှသွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

ထိုမော်တော်ယာဉ်မှာ မန်းလွယ်ရွာအဆင်းနားရောက်ချိန်တွင် ဘရိတ်ပေါက်၍ လမ်းဘေးရှိ ကမ်းပါးအား ဝင်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသည့်အမျိုးသားမှာ ဦးခေါင်းထိခိုက်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post