စကတ္အတို၀တ္အမ်ိဳးသမီးမ်ားကို ဗီဒီယိုခိုးရိုက္သူ ေထာင္ဒဏ္ခ်မွတ္ခံရ

PUBLISHED - November 27, 2019
နိုင္ငံတကာ၊ နို၀င္ဘာ ၂၇
စင္ကာပူနိုင္ငံမွာ စကတ္အတို၀တ္တဲ့အမ်ိဳးသမီးေတြကို ေအာက္ကပင့္ၿပီးဗီဒီယိုရိုက္ကူး ခဲ့တဲ့ အသက္ ၆၁ အ႐ြယ္အမ်ိဳးသားကို တရား႐ုံးက နို၀င္ဘာ ၂၅ ရက္ေန႕မွာ သီတင္းေျခာက္ပတ္ အက်ဥ္းခ်ဖိဳ႕ စီရင္ခ်က္ခ်မွတ္လိုက္ပါတယ္။
ဖန္ရွီဝါဆိုတဲ့ အမ်ိဳးသားဟာ စြဲခ်က္ေလးခုမွာ ျပစ္မႈထင္ရွားခဲ့တာေၾကာင့္ တရား႐ုံးက အခုလို ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ျပစ္မႈႏွစ္မႈအတြက္ စီရင္ခ်က္ခ်မွတ္ဖို႔ က်န္ရွိေနေသးတယ္လို႔သိရပါတယ္။
ဖန္ရွီဝါဟာ ၂၀၁၇ ခုႏွစ္ ဇူလိုင္လကစတင္ၿပီး စကပ္အတို၀တ္တဲ့ အမ်ိဳးသမီးေတြကို ေအာက္ကပင့္ၿပီး ဗီဒီယိုရိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဖန္ရွီဝါဟာ အခုလို လုပ္ရပ္ကို စိန္ေခၚမႈတစ္ရပ္လို သေဘာထားလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အမ်ိဳးသမီးေတြ သတိမထားမိေအာင္ ရိုက္ကူးနိုင္တဲ့အခါ စိတ္ေက်နပ္တယ္လို႔ေျပာပါတယ္။
သူဟာ သီတင္းတစ္ပတ္ကို သုံးရက္က ေလးရက္အထိ အခုလို ဗီဒီယိုေတြရိုက္ကူးခဲ့ၿပီး တစ္ရက္မွာ ၄င္းရဲ႕ သားေကာင္အမ်ိဳးသမီး ေလးငါးေယာက္ရွိခဲ့တယ္လို႔ တရား႐ုံးက စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။
စြပ္ခ်က္အားလုံးကို စီရင္ခ်က္ခ်မွတ္ရင္ ဖန္ရွိဝါဟာ ၄င္းရဲ႕ လုပ္ရပ္အတြက္ ေထာင္ဒဏ္တစ္ႏွစ္နဲ႕အထက္ ဒဏ္ေငြတြဲၿပီး ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေနပါတယ္။
Ref; CAN
Man who took upskirt videos as ‘a challenge’ sentenced to jail
[Unicode]
စကတ်အတိုဝတ်အမျိုးသမီးများကို ဗီဒီယိုခိုးရိုက်သူ ထောင်ဒဏ်ချမှတ်ခံရ
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၇
စင်ကာပူနိုင်ငံမှာ စကတ်အတိုဝတ်တဲ့အမျိုးသမီးတွေကို အောက်ကပင့်ပြီးဗီဒီယိုရိုက်ကူး ခဲ့တဲ့ အသက် ၆၁ အရွယ်အမျိုးသားကို တရားရုံးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ သီတင်းခြောက်ပတ် အကျဉ်းချဖို့ စီရင်ချက်ချမှတ်လိုက်ပါတယ်။
ဖန်ရှီဝါဆိုတဲ့ အမျိုးသားဟာ စွဲချက်လေးခုမှာ ပြစ်မှုထင်ရှားခဲ့တာကြောင့် တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြစ်မှုနှစ်မှုအတွက် စီရင်ချက်ချမှတ်ဖို့ ကျန်ရှိနေသေးတယ်လို့သိရပါတယ်။
ဖန်ရှီဝါဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လကစတင်ပြီး စကပ်အတိုဝတ်တဲ့ အမျိုးသမီးတွေကို အောက်ကပင့်ပြီး ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဖန်ရှီဝါဟာ အခုလို လုပ်ရပ်ကို စိန်ခေါ်မှုတစ်ရပ်လို သဘောထားလုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ သတိမထားမိအောင် ရိုက်ကူးနိုင်တဲ့အခါ စိတ်ကျေနပ်တယ်လို့ပြောပါတယ်။
သူဟာ သီတင်းတစ်ပတ်ကို သုံးရက်က လေးရက်အထိ အခုလို ဗီဒီယိုတွေရိုက်ကူးခဲ့ပြီး တစ်ရက်မှာ ၎င်းရဲ့ သားကောင်အမျိုးသမီး လေးငါးယောက်ရှိခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
စွပ်ချက်အားလုံးကို စီရင်ချက်ချမှတ်ရင် ဖန်ရှိဝါဟာ ၎င်းရဲ့ လုပ်ရပ်အတွက် ထောင်ဒဏ်တစ်နှစ်နဲ့အထက် ဒဏ်ငွေတွဲပြီး ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါတယ်။
Ref; CAN
Man who took upskirt videos as ‘a challenge’ sentenced to jail