• Follow Us on
Latest News

Home စကားများရန်ဖြစ်၍ အမျိုးသားမှ ဇနီးကို လည်ပင်းညှစ်သတ်

စကားများရန်ဖြစ်၍ အမျိုးသားမှ ဇနီးကို လည်ပင်းညှစ်သတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်ချုပ်လမ်းရှိ အဆောင်တစ်ခုတွင် စကားများရန်ဖြစ်ရာ၍ အမျိုးသားဖြစ်သူမှ ဇနီးဖြစ်သူကို လည်ပင်း ညှစ်သတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက် ညခင်းအချိန်၌ ဦးညာသားအဆောင်တွင် အမျိုးသားဖြစ်သူမှ အမျိုးသမီး ဖြစ်သူ၏ လည်ပင်းကိုညှစ်၍ အမျိုးသမီးမှာ သေဆုံးသွားကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် သတင်း ရရှိသောကြောင့် ထိုနေရာသို့ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ သည်။

 

ထိုသတ်ဖြတ်သူအမျိုးသားကို ဖမ်းဆီးရမိပြီး၊ ၎င်းတို့မှာ မည်သည့်ကိစ္စကြောင့် ရန်ဖြစ်စကားများသည်ကို သိရှိရခြင်းမရှိကြောင်း သေဆုံးသူ၏ရုပ်အလောင်းကို လူမူကူညီရေးအသင်းမှ လှိုင်သာယာဆေးရုံသို့ု ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post