• Follow Us on

Home စကော့တလန်မြောက်ပိုင်းကဖြတ်ပျံလာတဲ့ ရုရှားဗုံးကြဲလေယာဉ်တွေကို စောင့်ကြည့်ဖို့ ဗြိတိန်ဂျက်တိုက် လေယာဉ်တွေ စေလွှတ်ခဲ့

စကော့တလန်မြောက်ပိုင်းကဖြတ်ပျံလာတဲ့ ရုရှားဗုံးကြဲလေယာဉ်တွေကို စောင့်ကြည့်ဖို့ ဗြိတိန်ဂျက်တိုက် လေယာဉ်တွေ စေလွှတ်ခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

စကော့တလန် ရှပ်လန်းကျွန်းတွေရဲ့မြောက်ပိုင်းကနေ သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရုရှားဗုံးကြဲလေ ယာဉ်နှစ်စင်း ဖြတ်ပျံလာတဲ့အတွက် ဗြိတိန်ဂျက်တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ရကြောင်း ဗြိတိန်ကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

ရုရှား Tu-142 တာဝေးဗုံးကြဲလေယာဉ်နှစ်စင်းဟာ နေတိုးမြောက်ပိုင်းက လေကြောင်းကင်းလှည့်ဒေသတွင်းမှာ ရှိနေတဲ့ မြောက်ပင်လယ်ထဲက ရှပ်လန်းကျွန်းတွေအနီးကနေ ဖြတ်သန်းသွားစဉ်အတွင်း ဗြိတိန်ဂျက်တိုက်လေ ယာဉ်တွေက စောင့်ကြည့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

စကော့တလန်အရှေ့မြောက်ပိုင်း မိုရေးဒေသရှိ စစ်အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဗြိတိန်တော်ဝင်လေတပ်ရဲ့ လူဆီမောင့်စခန်းကနေ တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီဂျက်တိုက်လေယာဉ်တွေဟာ လိုအပ်ရင် ကောင်းကင်မှာ ဆီဖြည့်နိုင်အောင် ဝေဟင်-ဝေဟင် ဆီဖြည့်လုပ် ငန်းဆောင်ရွက်နေတဲ့ ဆီဖြည့်လေယာဉ်တစ်စင်းနဲ့ အတူပူးပေါင်းခဲ့ကြပါတယ်။

 

“လူဆီမောင့်စစ်စခန်းက တော်ဝင်လေတပ် တပ်ဖွဲ့ဝင်တွေဟာ ဗြိတိန်လေကြောင်းပိုင်နက်ကို တောက်လျှောက် စောင့်ကြည့်နေပြီး နိုင်ငံအတွက်လိုအပ်လာရင် ချက်ချင်းတိုက်ပွဲဝင်နိုင်အောင် အသင့်ပြင်ဆင်ထားပါတယ်။” လို့ လက်နက်ကိုင်တပ်ဖွဲ့လက်ထောက်ဝန်ကြီး ဂျိမ်းစ်ဟိပေးက ထုတ်ပြန်ကြေညာချက်ထဲမှာပြောပါတယ်။

 

“စကော့တလန် ရှပ်လန်းကျွန်းတွေရဲ့မြောက်ပိုင်းကနေ ဖြတ်သန်းလာတဲ့ ရုရှားတာဝေးဗုံးကြဲလေယာဉ်နှစ်စင်း ကို စောင့်ကြည့်ဖို့ ဒီကနေ့မနက်ပိုင်းမှာ ဗြိတိန်လေသူရဲတွေက တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေကို မောင်းနှင် ပြီး တက်သွားပါတယ်။ အဲဒီရုရှားလေယာဉ်တွေကိုလည်း တောက်လျှောက်စောင့်ကြည့်နေပြီး ဗြိတိန်ပိုင်နက်ကို ခြိမ်းခြောက်လာခဲ့ရင် လက်တုံ့ပြန်ဖို့ အသင့်အနေအထားနဲ့ စောင့်ကြည့်ခဲ့တာပါ။” လို့ ၎င်းကပြောပါတယ်။

 

တာဝန်ထမ်းဆောင်ပြီးတဲ့ တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေဟာ ၎င်းတို့လေတပ်အခြေစိုက်စခန်းကို ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း လက်ထောက်ဝန်ကြီးက ပြောပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားလာပြီး မကြာသေးခင်ကာလအတွင်းမှာ ရုရှားလေယာဉ်တွေနဲ့ အနောက်အုပ်စုလေ ယာဉ်တွေ ထိပ်တိုက်တွေ့ဆုံမှုတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: UK Scrambles Jets to Intercept Russian Bombers North of Scotland

 

#PeopleMedia


Share this post